ဓာတ်ပုံတစ်ပုံတည်းက Like ပေါင်း သန်း ၂၀ ကျော်အထိ ရရှိခဲ့တာပါ။

မာရာဒိုနာကွယ်လွန်ခဲ့တုန်းက ဂုဏ်ပြုစကားဆိုခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်တုန်းက ရရှိခဲ့တဲ့ Like ၁၉.၈ သန်းထက် ပိုမိုများပြားသွားခဲ့တာလည်းဖြစ်ပါတယ်။ 


ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်အပြီး ဆုဖလားနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို မက်ဆီက သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့ရာမှာ Like လုပ်သူပေါင်း သန်း ၂၀ ကျော်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အင်စတာဂရမ်ရဲ့ အားကစားဓာတ်ပုံတွေထဲမှာ Like အများဆုံးရတဲ့ ဓာတ်ပုံအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့ သိရှိရကြောင်း ESPN ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ပထမဆုံးဆုဖလားကို ဆွတ်ူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့က ကစားခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ ဘရာဇီးလ်ကို ၁-၀ နဲ့ အာဂျင်တီးနားကအနိုင်ယူကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီရဲ့ ဓာတ်ပုံမှာတော့ "ဘယ်လောက်ရူးသွပ်ချင်စရာလှပမှုလဲ၊ ဒါက မယုံကြည်နို်င်စရာပါ၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ငါတို့က ချန်ပီယံတွေ" လို့ ရေးသားခဲ့ပါသေးတယ်။

မက်ဆီဟာ အကျီဝတ်ဆင်ထားခြင်းမရှိဘဲ ဘောင်းဘီ၊ ရိုးရိုးဖိနပ်ကိုစီးထားပြီး ဆုဖလားနဲ့အတူ ထိုင်ကာ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံက လက်ရှိမှာဆိုရင် Like လုပ်သူပေါင်း ၂၁သန်းကျော်အထိ ရှိနေပြီဖြစ်ပြီး ဒီမတိုင်ခင်မှာ မာရာဒိုနာကွယ်လွန်ခဲ့တုန်းက ဂုဏ်ပြုစကားဆိုခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပို့စ်တုန်းက ရရှိခဲ့တဲ့ Like ၁၉.၈ သန်းထက် ပိုမိုများပြားသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဘောလုံးကွင်းအတွင်းအောင်မြင်မှုတွေသာမက ကွင်းပြင်ပဖြစ်တဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ဦးနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်နေတဲ့ ပရိသတ်တွေအတွက်တော့ မက်ဆီရဲ့ အသာစီးရရှိမှုက လူပြောများစရာဖြစ်လာခဲ့ရပါတယ်။ လက်ရွေးစင်အဆင့်မှာ အောင်မြင်မှုရရှိမှုက ရော်နယ်ဒိုလောက်တောင် မရှိခဲ့လို့ အမြဲခေါင်းငုံ့နေခဲ့ရတဲ့ မက်ဆီဟာ အခုအခါမှာတော့ နိုင်ငံအဆင့်အောင်မြင်မှုရရှိခဲ့ပြီဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာပါ ရော်နယ်ဒိုကို အသာစီးရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 



က္က