ကိုပါလီဘာတေးဒိုးစ်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

ဘိုကာအသင်းသားတွေနဲ့ ဘရာဇီးလ်ရဲတပ်ဖွဲ့ကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့တယ်လို့လည်း သိရပါတယ်။ 


မနေ့က ကစားခဲ့တဲ့ တောင်အမေရိက ကိုပါလီဘာတေးဒိုးစ်ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကိုမင်နဲရိုး နဲ့ ဘိုကာဂျူနီယာတို့ရဲ့ ပွဲစဉ်အပြီးမှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဘိုကာအသင်းသားတွေနဲ့ ဘရာဇီးလ်ရဲတပ်ဖွဲ့ကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့တယ်လို့လည်း သိရပါတယ်။ 



ဘိုကာအသင်းသားတွေဟာ ရဲတွေကို အတားအဆီးပြုလုပ်ထားတဲ့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး လုံခြုံရေးဝန်ထမ်းတွေကို ထိုးကြိတ်ခဲ့ကြပါတယ်။ ထိုးကြိတ်ခဲ့တဲ့သူတွေထဲမှာ ယူနိုက်တက်နောက်ခံလူဟောင်းရိုဟိုလည်း ပါဝင်ခဲ့ပြီး သူ ဝင်ရောက်ထိုးကြိတ်ခဲ့တဲ့ ဗီဒီယိုဖိုင်က လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နှံ့နေခဲ့ကာ စိတ်ပျက်စရာမြင်ကွင်းတွေဖြစ်ခဲ့ရပြီး နှစ်ဖက်အသင်းကြား မကျေနပ်မှုတွေလည်း ကြီးထွားခဲ့တယ်လို့ သိရပါတယ်။



ဒုတိယအကျော့ပွဲစဉ်ကို ကစားခဲ့ကြတာဖြစ်ကာ ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အက်သလက်တီကိုမင်နဲရိုးက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်း ဘိုကာဂျူနီယာအသင်း သွင်းယူခဲ့တဲ့ဂိုးကို VAR ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်ခဲ့တဲ့အပေါ်မှာ မကျေနပ်မှုဖြစ်ခဲ့ကြပြီး ပွဲအပြီးမှာ အက်သလက်တီကိုမင်နဲရိုးအသင်းဥက္ကဌက အဝတ်လဲခန်းသွားရာလမ်းမှာ ဘိုကာဂျူနီယာအသင်းတွေကို ဒေါသထွက်စေမယ့် စကားတွေပြောဆိုရာကနေ စတင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဘိုကာအသင်းဒုဥက္ကဌရီကွယ်မီးကိုယ်တိုင် ဝင်ရောက်ထိန်းသိမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ရိုဟိုနဲ့အခြားတစ်ယောက်ဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးကို ထိုးကြိတ်ခဲ့ကြပါတယ်။ ဘိုကာကစားသမားဗီလာနဲ့ ဇမ်ဘရန်နိုတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဇမ်ဘရန်နိုကတော့ တွစ်တာကတဆင့် "တော်တော်ရှက်ဖို့ကောင်းတဲ့ဆုံးဖြတ်ချက်ပါ၊ အလွဲသုံးစားလုပ်ပြီး မတရားဆုံးဖြတ်ခဲ့ပြီး ဆိုးဝါးလွန်းပါတယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 



က္က