ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အားချင်း ခေါ်ယူခြင်း ခံရတာပါ။

ယူနိုက်တက်ကို အက်ဖ်အေဖလား ယူပေးအပြီး ၂၀၁၆ခုနှစ်မှာ လမ်းခွဲခဲ့ပြီးနောက် ၅နှစ်ကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့ရာမှ ဟော်လန်အတွက် နည်းပြခွင့် ပြန်ကြုံလာခဲ့တာပါ။

လူးဝစ္စဗန်ဟားဟာ ဟော်လန်အသင်းကို တစ်ကျော့ပြန် နည်းပြ အဖြစ် ပြန်လည်တာဝန်ယူကိုင်တွယ်ဖို့ သဘော တူညီမှု ရသွားပြီလို့ သိရပါတယ်။



အသက် ၆၉နှစ်အရွယ် ဗန်ဟားဟာ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက ယူနိုက်တက်အသင်းနဲ့ လမ်းခွဲပြီးကတည်းက အသင်း လက်မဲ့ ဖြစ်နေခဲ့သူပါ။

လက်ရှိမှာတော့ ဒတ်ချ်အက်ဖ်အေနဲ့ ၎င်းတို့အကြား ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်လို့ ဟော်လန်အသင်းကို နည်းပြအဖြစ်နဲ့ တတိယအကြိမ်မြောက် ပြန်လည် တာဝန်ယူသွားတော့မှာလို့လည်း သိရ ပါတယ်။

ဒတ်ချ် ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာတော့ ဗန်ဟားဟာ သူ့ရဲ့ ပေါ်တူဂီက နေအိမ်မှာ ဒတ်ချ် အက်ဖ်အေ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာလို့လည်း ပါရှိပါတယ်။

ဟော်လန်အသင်းကတော့ ယူရို ၂၀၂၀မှာ ချက်အသင်းကို အရေးနိမ့်ပြီး ၁၆သင်းအဆင့်နဲ့သာ ကျေနပ်လိုက်တဲ့ အတွက် နည်းပြ ဒီဘိုးဝါးကို ထုတ်ပယ်ပြီး နည်းပြသစ်တစ်ဦးကို အစားပြန်လည် ခန့်အပ်ဖို့ စီစဥ်လာတာပါ။

ဒီဘိုးဝါးကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်ကမှ ယခင်နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းနေရာမှာ အစား ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

မကြာခင် စက်တင်ဘာမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားဖို့ ရှိနေတဲ့အတွက် နည်းပြတစ်ဦးကို အားချင်း ရှာဖွေ ရာမှာတော့ ဗန်ဟားကို တွေ့ရှိခဲ့တာပါ။

ဗန်ဟားကတော့ ၂၀၀၂ခုနှစ်မှာ ဟော်လန်အသင်းကို ပထမဆုံးအကြိမ် တာဝန်ယူခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိလို့ ထုတ်ပယ်ခြင်း တစ်ကြိမ်ခံခဲ့ရပါတယ်။

အဲ့နောက် ၂၀၁၂မှာတော့ ဟော်လန်အသင်းကို တစ်ကျော့ပြန် တာဝန်ယူခွင့်ကြုံလာခဲ့ပြန်ပြီး ဒီတစ်ခါမှာတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ တတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က