အီဂျစ်နဲ့ပွဲမှာရရှိခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲမှာ အီဂျစ်အသင်းနဲ့ တွေ့ဆုံစဥ် ရရှိခဲ့တာ ဖြစ်ပြီး လက်ကျန် အုပ်စုပွဲတွေကို ပါဝင်နိုင်ရေး မသေချာ ဖြစ်နေပါတယ်။

စပိန်အသင်းနဲ့ အီဂျစ်အသင်းတို့ရဲ့ အိုလံပစ် အဖွင့်ပွဲမှာ စပိန်အသင်းမှ အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဒန်နီ စီဘယ်လော့စ်ဟာ ကြောက်မက်ဖွယ် ခြေကျင်းဝတ်ဒဏ်ရာကို ခံစားခဲ့ရပါတယ်။



စီဘယ်လော့စ်ဟာ ပထမပိုင်းမှာ အသင်းအတွက် ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပြီး ပထမပိုင်း မပြီးခင်လေးမှာပဲ ခြေ ကျင်းဝတ်ဒဏ်ရာ ပြင်းထန်စွာရရှိသွားတာပါ။

ကုသမှုမှာ စီဘယ်လော့စ် ရုန်းကန်ခဲ့နိုင်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်မှုအတွက် အချိန်တစ်ခုယူပြီး ပြန်လည် ကုစား ဖို့တော့ လိုနေပါတယ်။

စီဘယ်လော့စ်နည်းတူ အခြား ဘာစီလိုနာ ကစားသမားတစ်ဦးဖြစ်သူ အော်စကာလည်း ပထမပိုင်းမှာပဲ ထမ်းစင်နဲ့ ခေါ်ထုတ်ခံခဲ့ရပါတယ်။

“သူတို့ရဲ့ တုံ့ပြန်မှုတွေက အရမ်းကောင်းမွန်နေကြပါတယ်၊တိုးတက်လာမှု ဘယ်လောက်ရှိတယ်ဆိုတာ ဒီနေ့ ဆက်လက်စောင့်ကြည့်ပါမယ်။သိပ်ကောင်းတဲ့ပုံတော့ မပေါ်သေးပါဘူး။”လို့ စပိန်နည်းပြက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စပိန်အသင်းဟာ အုပ်စု ပွဲစဥ်တွေအဖြစ် အာဂျင်တီးနား၊သြစ‌တြေးလျအသင်းတို့နဲ့ ဆက်လက်ကစားရဖို့ ရှိနေပါ သေးတယ်။



က္က