ဂျိုအမ်ဂန်ပါဖလားပွဲအဖြစ် ကစားဖွယ်ရှိနေပါတယ်။

၁၉၆၆ ခုနှစ်ကတည်းက နူးကမ့်ကွင်းကြီးမှာ အစဉ်အလာမပျက်ကျင်းပခဲ့တဲ့ ဖလားပွဲတစ်ပွဲလည်းဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲအဖြစ်နဲ့ လူသိများထင်ရှားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ရာသီကြိုဖိတ်ခေါ်ဖလားပွဲတစ်ခုဖြစ်တဲ့ ဂျိုအမ်ဂမ်ပါဖလားပွဲကို ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ ကစားမယ့်ပွဲဖြစ်ပြီး ၁၉၆၆ ခုနှစ်ကတည်းက နူးကမ့်ကွင်းကြီးမှာ အစဉ်အလာမပျက်ကျင်းပခဲ့တဲ့ ဖလားပွဲတစ်ပွဲလည်းဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲအဖြစ်နဲ့ လူသိများထင်ရှားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ကွင်းအတွင်းပရိသတ်တွေ ဝင်ရောက်ကစားခွင့်ပိတ်ပင်ထားရာကနေ လာမယ့်ရာသီမှာ ၂၀% အထိ ပြန်လည်ဝင်ခွင့်ပြုတော့မှာမို့ ပရိသတ်ရှေ့မှောက်မှာ ကစားရမှာဖြစ်ပါတယ်။ ဒီပွဲကိုသာ သူတို့နှစ်သင်းကစားခဲ့မယ်ဆိုရင်တော့ ရော်နယ်ဒို နဲ့ မက်ဆီတို့ကို ရာသီအစောပိုင်းမှာပဲ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရှုစားရမှာလည်းဖြစ်ပါတယ်။

မက်ဆီကတော့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီထားပေမယ့် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသူဖြစ်ပါတယ်။ အပန်းဖြေခရီးစဉ်ကနေ မက်ဆီပြန်ရောက်ရှိလာချိန်မှာ အပြီးသတ်လုပ်ဆောင်မှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး ဂျိုအမ်ဂန်ပါဖလားပွဲကို ပါဝင်ဖွယ်ရှိတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ကာ ရော်နယ်ဒိုလည်း ဝင်ကစားပေးဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ 

တဖက်မှာလည်း ရော်နယ်ဒိုက အနားယူနေတာဖြစ်ပြီး တူရင်ကလပ်နဲ့ ပူးပေါင်းခြင်းမရှိသေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း အနာဂတ်မတည်မငြိမ်ဖြစ်ခဲ့တဲ့ ကမ္ဘာကျော်ကစားသမားနှစ်ဦးဟာ လက်ရှိကလပ်တွေနဲ့ပဲ ဆက်လက်လက်တွဲသွားတော့မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့နှစ်ဦးနောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြပြီး အဲဒီနောက်ပိုင်း ပထမဆုံးအကြိမ်ရင်ဆိုင်ရမယ့်ပွဲလည်းဖြစ်လာဖွယ်ရှိနေပါတယ်။



က္က