စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး သူ့ကိုစာချုပ်သစ်မချုပ်နိုင်ပါက နောက်နှစ်မှာ အလွတ်ထွက်ခွာခွင့်ပေးရတော့မှာဖြစ်လို့ ပြင်သစ်ကလပ်ကတော့ အသည်းအသန်အားထုတ်မှုတွေပြုလုပ်နေခဲ့ပါတယ်။ 


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဘတ်ပီဟာ ကလပ်နဲ့စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ နည်းပြပိုချက်တီနိုကို အကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး သူ့ကိုစာချုပ်သစ်မချုပ်နိုင်ပါက နောက်နှစ်မှာ အလွတ်ထွက်ခွာခွင့်ပေးရတော့မှာဖြစ်လို့ ပြင်သစ်ကလပ်ကတော့ အသည်းအသန်အားထုတ်မှုတွေပြုလုပ်နေခဲ့ပါတယ်။ 

မိုနာကိုကနေ ပေါင်သန်း ၁၃၀ နဲ့ ပီအက်စ်ဂျီက ခေါ်ယူထားခဲ့ရတာဖြစ်လို့ အလွတ်ထွက်ခွာခွင့်ပေးပါက ကြီးမားတဲ့ဆုံးရှုံးမှုကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် အသင်းကနေ ဘတ်ပီထွက်ခွာမယ်ဆိုရင်တောင်မှ ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောင်းချနိုင်ဖို့ စာချုပ်သစ် မဖြစ်မနေချုပ်ဆိုဖို့လိုအပ်နေကာ အလွတ်မဟုတ်ရင်တောင်မှ အောက်စျေးနဲ့ထွက်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။ 

စပိန်သတင်းစာ Marca ကတော့ ဘတ်ပီဟာ အားလပ်ရက်ကပြန်လာအပြီး နည်းပြပိုချက်တီနိုနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးမှုမှာ သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်တော့ဘူးလို့ ဘတ်ပီက ပြတ်ပြတ်သားသားပြောဆိုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ကာ ခြေလှမ်းစနေခဲ့ပြီလည်းဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအတွက် ၁၇၁ ပွဲကစားပေးထားပြီး ၁၃၂ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဘတ်ပီဟာ ပြည်တွင်ဖလားပေါင်းစုံဆွတ်ခူးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့တော့ အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ နေမာ၊ ဒီမာရီယာ၊ အီကာဒီ၊ မာကွင်ဟို့စ်၊ ပါရီဒက်စ်တို့လို တောင်အမေရိကအကျော်အမော်တွေနဲ့ ဒီရာသီမှာဆိုရင် ရာမို့စ်၊ ဒွန်နာရမ်မာ၊ ၀ိုင်နယ်ဒမ်တို့လို နာမည်ကြီးကစားသမားတွေပါရောက်ရှိလာပေမယ့် ဘတ်ပီကတော့ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့တာဖြစ်ပါတယ်။



က္က