ဆီဗီလာနဲ့ ခြေစမ်းပွဲမှ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

ရာမို့စ်အနေနဲ့ မနှစ်က ဒဏ်ရာကြောင့် နားနေရသူ ဖြစ်ပြီး ဒဏ်ရာအကင်းမသေသေးလို့ နည်းပြ ပွန်ချက်တီနိုက အရဲစွန့် မသုံးသေးတာလည်း ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ ရောက်ရှိလာတဲ့ ဗဟိုခံစစ်မှူး ရာမို့စ်ဟာ မူလဒဏ်ရာ အကင်းမသေ သေးမှုကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲအစကို လွဲချော်နေပါတယ်။



နည်းပြ ပွန်ချက်တီနိုကလည်း ကစားသမားကို ခြေစမ်းပွဲတွေမှာ အရဲစွန့် မသုံးသေးပဲ လာမယ့် အင်္ဂါနေ့ကျမှ က စားရမယ့် စပိန်ကလပ် ဆီဗီလာ အသင်းနဲ့ပွဲမှာမှ ပထမဆုံး ပွဲထုတ်လာဖို့လည်း ရှိနေပါတယ်။

ယနေ့မှာ ကစားရမယ့် ဂျီနိုအာအသင်းနဲ့ ခြေစမ်းပွဲစဥ်ကိုလည်း လွဲချော်အုံးမှာ ဖြစ်လို့ နည်းပြ ပွန်ချက်တီနိုအနေနဲ့ ရာမို့စ်ကို စမ်းသပ်ဖို့ အခွင့်အရေး အနည်းငယ် ကြ့န်ကြာနေဆဲ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနှင့်အတူ ၂၀၂၃အထိ သက်တမ်းရှိတဲ့ ၂နှစ် စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

၂၀၀၃-၀၄ ဘောလုံးရာသီမှာ ဆီဗီလာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲကို စတင် ဆင်နွှဲခဲ့သူ ရာမို့စ်ဟာ ရီးရဲမက်ဒရစ်အသင်းနှင့်အတူ အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့သူပါ။

နောက်ခံလူ တစ်ဦး ဖြစ်သော်လည်း ဂိုးသွင်းစွမ်းရည်ကောင်းမွန်ပြီး ရီးရဲအတွက် ပွဲပေါင်း ၆၇၁ပွဲမှာ ၁၀၁ဂိုးထိ သွင်းယူပေးနိုင်ခဲ့သူပါ။

စပိန် လက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၁၂ ဥရောပဖလား ၂၀၀၈ ဥရောပဖလားတို့ကိုလည်း ဆွတ်ခူးရရှိခဲ့ဖူးသူပါ။



က္က