ဂျီရိုနာနဲ့ ရာသီကြိုခြေစမ်းပွဲမှာ သွင်းယူခဲ့တာပါ။

ပွဲကစားချိန် ၈၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကတဆင့် သွင်းယူခဲ့တာဖြစ်ပြီး ဟော်လန်ကြယ်ပွင့်အတွက်တော့ အသင်းသစ်အတွက် ချက်ချင်းပဲ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ 


ဘာစီလိုနာကစားသမားသစ် မမ်ဖစ်ဒီပိုင်းဟာ မနေ့ကကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကတဆင့် သွင်းယူခဲ့တာဖြစ်ပြီး ဟော်လန်ကြယ်ပွင့်အတွက်တော့ အသင်းသစ်အတွက် ချက်ချင်းပဲ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ 

ဂျီရိုနာအသင်းကို ဘာစီလိုနာက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်သင်းပေါင်း ပင်နယ်တီ ၃ လုံးအထိ ကန်သွင်းခွင့်ရရှိခဲ့ကြပါတယ်။ လိုင်ယွန်ကနေ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ ဒီပိုင်းဟာ ဘာစီလိုနာကစားသမားအဖြစ် တရားဝင်ကြေညာပြီးနောက် ချက်ချင်းပဲ ခြေစမ်းပွဲမှာ ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၄၃ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဟော်လန်လက်ရွေးစင်အသင်းကို ရော်နယ်ကိုးမန်းကိုင်တွယ်စဉ်ကတည်းက အဓိကကစားသမားဖြစ်ခဲ့တဲ့ ဒီပိုင်းက နူးကမ့်မှာလည်း ပုံမှန်ကစားခွင့်ရမယ့် အခြေအနေမှာရှိနေသူဖြစ်ပါတယ်။ လိုင်ယွန်အတွက်ခြေစွမ်းပြကစားပေးခဲ့တဲ့ ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ မအောင်မြင်ခဲ့မှုတွေကို တွန်းလှန်နိုင်ခဲ့ပြိးနောက် ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းမှာ ကစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကတော့ ခြေစမ်းပွဲတွေအဖြစ် စတုဂတ်၊ ဆဲလ်ဘတ်တို့နဲ့ ထပ်မံကစားသွားဖို့ရှိနေပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ ဂျိုအမ်ဂမ်ပါဖလားပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ ကစားရမှာဖြစ်ပြီး ရာသီသစ်ကို ကြိုဆိုတော့မှာလည်းဖြစ်ပါတယ်။ အဂူရို၊ ဒီပိုင်းတို့ကိုခေါ်ယူထားနိုင်သလို မက်ဆီကိုလည်း စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်လို့ ဘာစီလိုနာကတော့ ရာသီသစ်အတွက် အင်အားတောင့်တင်းနေပြီလည်းဖြစ်ပါတယ်။ 



က္က