၄ ပွဲသာကစားပြီးပေမယ့် ၃၂ ဂိုးအထိ သွင်းထားကြပါတယ်။

အဆိုပါအုပ်စုမှာတော့ ဘရာဇီးလ်၊ နယ်သာလန်၊ တရုတ်၊ ဇမ်ဘီယာတို့ ပါဝင်နေကြပြီး အုပ်စုပွဲစဉ် ၂ပွဲစီ ကစားပြီးဖြစ်လို့ စုစုပေါင်း ၄ ပွဲအထိ ကစားခဲ့ကြရာမှာ သွင်းဂိုးပေါင်း ၃၂ ဂိုးအထိ ရှိနေခဲ့ပါတယ်။ 


လက်ရှိကျင်းပနေတဲ့ တိုကျိုအိုလံပစ်ပွဲတော်ရဲ့ အမျိုသမီးဘောလုံးပြိုင်ပွဲက အုပ်စု (စ) ပွဲစဉ်တွေကတော့ ပရိသတ်တွေကို အပြည့်အဝဖျော်ဖြေမှုတွေ ပေးနေပါတယ်။ အဆိုပါအုပ်စုမှာတော့ ဘရာဇီးလ်၊ နယ်သာလန်၊ တရုတ်၊ ဇမ်ဘီယာတို့ ပါဝင်နေကြပြီး အုပ်စုပွဲစဉ် ၂ပွဲစီ ကစားပြီးဖြစ်လို့ စုစုပေါင်း ၄ ပွဲအထိ ကစားခဲ့ကြရာမှာ သွင်းဂိုးပေါင်း ၃၂ ဂိုးအထိ ရှိနေခဲ့ပါတယ်။ 

ဒါဟာ တစ်ပွဲကို ပျမ်းမျှအားဖြင့် ၈ ဂိုးနှုန်းစီ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ အဖွင့်ပွဲတွေမှာ နယ်သာလန်က ဇမ်ဘီယာကို ၁၀-၃၊ ဘရာဇီးလ်က တရုတ်ကို ၅-၀ တို့နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ကြပါတယ်။ ဒုတိယပွဲအဖြစ် တရုတ်နဲ့ ဇမ်ဘီယာတို့က ၄-၄ စီသရေကျခဲ့ပြီး ဘရာဇီးလ်နဲ့ နယ်သာလန်တို့ကလည်း ၃-၃ ဂိုးစီ သရေပွဲဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါဟာ အမျိုးသမီးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေမှာ ဂိုးတွေအများဆုံးသွင်းယူထားတဲ့ အုပ်စုဖြစ်နေခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် နယ်သာလန် နဲ့ တရုတ်၊ ဘရာဇီးလ် နဲ့ ဇမ်ဘီယာတို့ ကစားကြမှာဖြစ်ပြီး အသင်းတိုင်းဟာ ဂိုးသွင်းနိုင်တဲ့အသင်းတွေဖြစ်နေလို့ နောက်ထပ်သွင်းဂိုးအများအပြားကို မြင်တွေ့ရဦးမယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရပါတယ်။ 

နယ်သာလန် နဲ့ ဘရာဇီးလ်တို့က နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ သေချာလုနီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။ နယ်သာလန်ကတော့ အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းယူထားတဲ့ အသင်းအဖြစ် ရပ်တည်နေပြီး ဘရာဇီးလ်က ဒုတိယနေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ ဂရိတ်ဗြိတိန်နဲ့ ဆွီဒင်တို့ကတော့ အုပ်စုပွဲနှစ်ပွဲစီ ကစားအပြီး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 



က္က