ရော်နယ်ဒိုက ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲကစားပြီး ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဆီက အများအပြားမျှော်လင့်ထားတယ်လို့လည်း အယ်လီဂရီကပြောဆိုခဲ့ပြိး လူငယ်ကစားသမားတွေအတွက် ဥပမာပေးရမယ့်ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းကို တကျော့ပြန်ကိုင်တွယ်မယ့် နည်းပြအယ်လီဂရီက တိုက်စစ်မှူးရော်နယ်ဒိုဟာ ပြိးခဲ့တဲ့ရာသီတွေကထက် ပိုမိုကြီးလေးတဲ့တာဝန်တွေရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ လာမယ့်ရာသီမှာ ရော်နယ်ဒိုဆီက အများအပြားမျှော်လင့်ထားတယ်လို့လည်း အယ်လီဂရီကပြောဆိုခဲ့ပြိး လူငယ်ကစားသမားတွေအတွက် ဥပမာပေးရမယ့်ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ တနင်္လာနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီဖြစ်ပါတယ်။ သူနဲ့ တူရင်ကလပ်ဟာ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတေ့ာပြီး စာချုပ်သစ်အတွက် ဆွေးနွေးခြင်းမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ဂျူဗီဘက်ကလည်း စာချုပ်သစ်အတွက် အလောတကြီးလုပ်ဆောင်နေတာမျိုးမရှိဘဲ ကစားသမားရဲ့ အနေအထားကို စောင့်ကြည့်သွားဖွယ်ရှိနေကာ အယ်လီဂရီကတော့ အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုဖွယ်ရှိနေပါတယ်။ 

"ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ကစားသမားဖြစ်ပြီး စမတ်ကျသူတစ်ဦးလည်းဖြစ်ပါတယ်၊ တခြားသူတွေနဲ့ စကားပြောခဲ့သလို သူနဲ့ မနေ့က ကျွန်တော်စကားပြောဆိုခဲ့ပါတယ်၊ ဒီရာသီက အရေးကြီးတဲ့ရာသီလို့ ကျွန်တော်သူ့ကိုပြောခဲ့ပြီး သူနဲ့ ပြန်တွေ့ရလို့ ကျွန်တော်ဝမ်းသာမိပါတယ်၊ အခုဆိုရင် သူ့မှာ ပိုပြီးတော့တာဝန်ရှိနေပါပြီ၊ ဘာလို့လဲဆိုတော့ ပြီးခဲဲ့့တဲ့သုံးနှစ်ကထက် ပိုပြီးအတွေ့အကြုံရှိတဲ့ အသင်းတစ်သင်းဖြစ်လာလို့ပါ"

"အခုဆိုရင် လူငယ်ကစားသမားတွေလည်း အသင်းမှာရှိနေပါပြီ၊ သူ့ဆီကနေ ပိုမိုကြီးမားတဲ့တာဝန်တွေကို ကျွန်တော်မျှော်လင့်ထားပါတယ်၊ သူ့အနေအထားကောင်းမွန်နေပြီး ကြံ့ခိုင်မှုလည်းပြည့်ဝနေပါတယ်၊ လာမယ့်ရာသီက ကွဲပြားခြားနားတဲ့ရာသီဖြစ်လာမှာပါ၊ ၃ ရက်ကို တစ်ပွဲနှုန်းကစားရမှာဖြစ်ပြီး ကစားသမားအားလုံးပူးပေါင်းပါဝင်ရမှာပါ" လို့ အယ်လီဂရီက ထပ်မံပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၄ ပွဲကစားပြီး ၃၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။



က္က