ရာသီကြိုခြေစမ်းပွဲမှာ သွင်းယူခဲ့တာပါ။

သူ့ကိုစိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေအတွက်တော့ ခေါင်းထောင်၊ နားရွက်စွင့်ဖို့ဖြစ်လာခဲ့ပြီး စီးရီးအေကလပ်အတွက်လည်း ကြီးမားတဲ့အကျိုးအမြတ်ကို ရရှိဖို့ဖြစ်လာခဲ့ပါတယ်။


လီဗာပူးလ်နဲ့စပါးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူးဒူဆန်လာဟိုဗစ်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ စီးရီးစီ (၄) ကလပ်နဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၇ ဂိုးအထိ သွင်းယူခဲ့တယ်လို့ သိရပါတယ်။ အဆိုပါသွင်းဂိုးအားလုံးကို သူက ပွဲချိန်ပထမပိုင်းတစ်ပိုင်းတည်းမှာပဲ သွင်းယူခဲ့တာလို့သိရပြီး သူ့ကိုစိ်တ်ဝင်စားနေတဲ့ ကလပ်အသင်းတွေအတွက်တော့ ခေါင်းထောင်၊ နားရွက်စွင့်ဖို့ဖြစ်လာခဲ့ပြီး စီးရီးအေကလပ်အတွက်လည်း ကြီးမားတဲ့အကျိုးအမြတ်ကို ရရှိဖို့ဖြစ်လာခဲ့ပါတယ်။



အသက် ၂၁နှစ်သာ ရှိသေးတဲ့ ဆာဘိးယားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ဖီအိုရင်တီးနားအတွက် စီးရီးအေသွင်းဂိုး ၂၁ ဂိုးအထိ ရရှိခဲ့သူဖြစ်ပါတယ်။ ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ လာဟိုဗစ်ရဲ့ စွမ်းဆောင်ရည်က တွစ်တာပေါ်မှာတော့ ကျော်ကြားနေပြီး ထိပ်တန်းအသင်းကြီးတွေအတွက်လည်း သေချာပေါက်စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦးအဖြစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။ 


အရပ် ခြောက်ပေ၊ သုံးလက်မအထိရှိကာ တိုက်စစ်မှူးတစ်ဦးရဲ့ သွင်ပြင်လက္ခဏာတွေနဲ့ ကိုက်ညီနေတဲ့ လာဟိုဗစ်က လက်ရွေးစင်အသင်းကြီးအတွက် ၇ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းယူပေးထားပါတယ်။ ဘယ်ခြေ၊ညာခြေနဲ့ ခေါင်းတိုက်ဂိုးတွေကို သွင်းယူနိုင်စွမ်းရှိသူဖြစ်ပြီး ဘယ်သန်ကစားသမားတစ်ဦးဖြစ်ကာ တစ်ဦးချင်းအလိမ်အခေါက်နဲ့ အဆုံးသတ်မှုပိုင်းမှာ ထူးချွန်သူဖြစ်တယ်လို့ လည်း သတ်မှတ်ခံထားရပြီး ဖီအိုအတွက် ကျောက်ကောင်းတပွင့်ဖြစ်နေခဲ့ပါတယ်။ 


ဖီအိုရင်တီးနားကတော့ သူတို့ရဲ့ကစားသမားကို စာချုပ်သစ်ကမ်းလှမ်းထားတယ်လို့ သိရပြီး လက်ရှိမှာတေ့ာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေပါသေးတယ်။ ကစားသမားကလည်း အီတလီမှာသာ ဆက်လက်ရှိနေချင်တယ်လို့ ဖွင့်ဟထားပြီး လာမယ့်ရာသိသစ်အတွက်ပဲ သူ့စိတ်ထဲမှာ ပြင်ဆင်ထားတယ်လို့ Calcio In Pillole သတင်းဌာနကို ပြောဆိိုခဲ့ပါတယ်။ စပါး၊ လီဗာပူးလ်တို့က ဒီကစားသမားအတွက် အပြိုင်အဆိုင်ဖြစ်နေပြီး စီးရီးအေထိပ်သီးအသင်းတွေကလည်း စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။ 



က္က