ရာသီကြိုခြေစမ်းပွဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

အခုချိန်ထိ မိုက်သွေးမိုက်ဂုဏ်တွေ မကုန်သေးတဲ့ ပီပီဟာ ပွဲချိန်ဒုတိယပိုင်းမှာတော့ ရိုးမားကွင်းလယ်လူမစ်ခီတာရန်ကို ဖျက်ထုတ်ရာကတဆင့် နှစ်ဖက်အသင်းရန်ပွဲက စတင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ရက်ကမှ ကစားခဲ့တဲ့ ပေါ်တို နဲ့ ရိုးမားတို့ရဲ့ ရာသီကြိုခြေစမ်းပွဲကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ပွဲရလဒ်၊ အသင်းကြိုတင်ပြင်ဆင်မှုတွေထက် နှစ်ဖက်အသင်းသားတွေရဲ့ ရန်ပွဲက ပိုပြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုက သူ့ကို နာမည်ကြီးစေခဲ့တဲ့ အသင်းဟောင်းပေါ်တိုနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရန်ပွဲကို စတင်ခဲ့သူကတော့ နာမည်ကြီးပီပီပဲဖြစ်ပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပီပီဟာ ပေါ်တိုကို ဥိးဆောင်ကစားခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ မိုက်သွေးမိုက်ဂုဏ်တွေ မကုန်သေးတဲ့ ပီပီဟာ ပွဲချိန်ဒုတိယပိုင်းမှာတော့ ရိုးမားကွင်းလယ်လူမစ်ခီတာရန်ကို ဖျက်ထုတ်ရာကတဆင့် နှစ်ဖက်အသင်းရန်ပွဲက စတင်ခဲ့ပါတယ်။ ပီပီဟာ မီခီတာရန် ဘောလုံးဆွဲလာချိန်မှာ ပြင်းပြင်းထန်ထန်ဝင်တိုက်ခဲ့သလို လက်မောင်းနဲ့လည်း မျက်နှာကို ရိုက်ပစ်ခဲ့ပါတယ်။ 



ကွင်းပေါ်လဲကျသွားခဲ့တဲ့ မစ်ခီတာရန်က ဒီလုပ်ရပ်အတွက် ပြန်ပြီးတော့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ပြီး ပွဲကိုတော်တော်လေးထိန်းယူခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ နှစ်ဖက်အသင်းသားတွေဖြစ်နေပုံကို ပြုံးပြုံးကြီးထိုင်ကြည့်ကာ သဘောကျနေခဲ့ပါတယ်။ ကစားသမးတွေရဲ့ စိတ်အားထက်သန်မှုတွေကို မြင်တွေ့ရရင် သဘောအကျကြီးကျတတ်တဲ့ သူ့အတွက်တော့ ဒီရန်ပွဲက ဖျော်ဖြေမှုတစ်ခုလိုသာ ရှိနေခဲ့ပုံရပါတယ်။

မီခီတာရန်ကိုရော၊ ပီပီကိုပါ ကွင်းလယ်ဒိုင်က အဝါကတ်ပြသတိပေးခဲ့ပြီး ပွဲကိုဆက်လက်ကစားစေခဲ့ပါတယ်။ မီခီတာရန်ကတော့ တော်တော်လေးအန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုကို ရင်ဆိုင်တွေ့ကြုံခဲ့ရတာဖြစ်ပြီး သည်းမခံနိုင်တော့တဲ့အဆုံးမှာ ပီပီကို ထိပ်တိုက်ရင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ တဖက်မှာလည်း အသက်အရွယ်ရလာပေမယ့် စိတ်မလျှော့သေးတဲ့ ဘောလုံးလောကရဲ့ လူမိုက်ကြီးက သူ့ထုံးစံအတိုင်း ထိုးမယ့်ကြိတ်မယ့်ဟန်နဲ့ ပြန်ရင်ဆိုင်သွားခဲ့ပါတယ်။ 



က္က