သြဂုတ်လ ၁၁ ရက်နေ့မှာ ဗီလာရီးရဲလ်နဲ့ ကစားရဖို့ရှိနေပါတယ်။

စပိန်ဝါရင့်ကွင်းလယ်လူပါရီဟို့စ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် လီဗန်တေးနဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။


သြဂုတ်လ ၁၁ ရက်နေ့မှာ ကစားရမယ့် ချယ်လ်ဆီးနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ အဓိကကွင်းလယ်လူပါရီဟို့စ် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဗီလာရီးရဲလ်အသင်းက အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ဗီလာရီးရဲလ်က ဥရောပစူပါဖလားပွဲကို ဆင်နွှဲခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။ 

စပိန်ဝါရင့်ကွင်းလယ်လူပါရီဟို့စ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် လီဗန်တေးနဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အူနိုင်းအမ်မရီရဲ့ အားအထားရဆုံးကစားသမားဟာ ရက်အတန်ကြာအနားယူရတော့မှာဖြစ်ပြီး ချယ်လ်ဆီးနဲ့ စူပါဖလားပွဲကို လွဲချော်မှာ သေချာသွားခဲ့ပြီလို့ ဗီလာရီးရဲလ်အသင်းဘက်ကလည်း အတည်ပြုသွားခဲ့ပါတယ်။ 

ဒီသတင်းကတော့ ချယ်လ်ဆီးအတွက် သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ရာသီသစ်မစတင်ခင်မှာ ဆုဖလားတစ်လုံးဆွတ်ခူးနိုင်မယ့် အခွင့်အရေးကောင်းအဖြစ် ရှိလာခဲ့ပြီး ချယ်လ်ဆီးနည်းပြသောမတ်တူချယ်လ်အနေနဲ့ စောစောစီးစီးပဲ ဆုဖလားကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ကာ ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်ကို အသုံးချနိုင်ဖို့သာ လိုတော့တာဖြစ်ပါတယ်။ 


ဗီလာရီးရဲလ်ကတော့ ယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ပြီးခဲဲ့တဲ့ရာသီမှာ ဘယ်သူမှထင်မှတ်မထားတဲ့ အနေအထားတစ်ခုကနေ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရရှိခဲ့တာဖြစ်ပြီး တူချယ်လ်ကလည်း ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းကိုဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 



က္က