WhatsApp နဲ့ လက်တွဲထားတာပါ။

ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအနိုင်ရခဲ့ပြီးနောက် မိသားစုကို video call ခေါ်ပြီး စကားပြောဆိုခဲ့တဲ့နောက် မက်ဆီဟာ WhatsApp ကနေ ငွေကြေးရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘရာဇီးလ်ကို အနိုင်ရရှိခဲ့တဲ့နောက် မက်ဆီက သူ့ရဲ့အောင်မြင်မှုအတွက် မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံစကားတွေပြောဆိုခဲ့ရာမှာ WhatsApp က တဆင့်ခေါ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီစကားပြောနေတဲ့ Video Clip ကိုလည်း မက်ဆီက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ဖော်ပြခဲ့ပြီး "တကယ်ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေး" လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် WhatsApp ကတဆင့် ဖုန်းခေါ်ဆိုပြီး ကျွန်တော့်မိသားစုနဲ့အတူ ကိုပါဖလားအောင်ပွဲကို ပျော်ရွှင်ဆင်နွှဲခဲ့ပါတယ်လို့လည်း မက်ဆီက ပြောကြားခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 

အဆိုပါဗီဒီယိုကို ကြည့်ရှူသူကတော့ ၁၃ သန်းကျော်အထိ ရှိခဲ့ပြီး WhatsApp နဲ့ မက်ဆီတို့ရဲ့ လက်တွဲမှုတစိတ်တပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ မက်ဆီဘက်ကနေ WhatsApp အတွက် Promotion ပြုလုပ်ပေးခဲ့တာလို့ ယူဆရပြီး ဒီအတွက်ကြောင့် လူမှုကွန်ရက်ကုမ္ပဏီဘက်ကနေ အခကြေးငွေပေးချေခဲ့ကာ နာမည်ကျော်ကစားသမားတစ်ယောက််အတွက်တော့ သူ ပြုလုပ်သမျှ အရာရာတိုင်းက ငွေကြေးဖြစ်နေပါတော့တယ်။ 


WhatsApp ဘက်က ဘယ်လောက်ထိပေးချေလိုက်ရလဲဆိုတာကို အတိအကျမသိရပါဘူး။ အဆိုပါ ကိုပါအမေရိကဖလားဟာ မက်ဆီအတွက်တော့ နိုင်ငံအသင်းနဲ့အတူ ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားလည်းဖြစ်လို့ သမိုင်းဝင်အောင်ပွဲလို့ဆိုရမှာဖြစ်ပြီး အဆိုပါအခြေအနေမှာပဲ WhatsApp က အခွင့်အရေးကို မိမိရရအသုံးချခဲ့ကာ သူတို့ရဲ့ပလက်ဖောင်းအတွက် မက်ဆီနဲ့အတူ မြှင့်တင်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 



က္က