စတုဂတ်နဲ့ပွဲမှာ လှပတဲ့ဂိုးတစ်ဂိုး သွင်းယူခဲ့ပြန်ပါတယ်။

ဂျီရိုနာနဲ့ပွဲမှာလည်း ပင်နယ်တီကတဆင့် တစ်ဂိုးသွင်းယူခဲ့တဲ့ ဒီပိုင်းအတွက်တော့ အသင်းသစ်မှာ နှစ်ပွဲဆက်တိုက်ဂိုးရရှိခဲ့တာဖြစ်ပြီး အလျင်အမြန်ပဲ အထိုင်ကျနေကာ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ မမ်ဖစ်ဒီပိုင်းဟာ စတုဂတ်နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစွမ်းပွဲမှာလည်း ခြေစွမ်းပြကာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဂျီရိုနာနဲ့ပွဲမှာလည်း ပင်နယ်တီကတဆင့် တစ်ဂိုးသွင်းယူခဲ့တဲ့ ဒီပိုင်းအတွက်တော့ အသင်းသစ်မှာ နှစ်ပွဲဆက်တိုက်ဂိုးရရှိခဲ့တာဖြစ်ပြီး အလျင်အမြန်ပဲ အထိုင်ကျနေကာ ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ 

စတုဂတ်ကိုတော့ ဘာစီလိုနာက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီပိုင်း၊ ယူဆွတ်ဒီမီယာ၊ ရီကွီဖွီးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပိုင်းကတော့ ကွင်းလယ်ကနေ ဒီဂျောင်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တစ်ချက်ထိန်းကာ ရယူခဲ့ပြီးနောက် ဂိုးဧရိယာထဲဆွဲဝင်ခဲ့ပါတယ်။ စတုဂတ်နောက်ခံလူတစ်ဦးက လိုက်လံကပ်နေပေမယ့် ဒီပိုင်းက ဘောလုံးကိုခေါင်းပေါ်ကကျော်ရယူလိုက်ပြီးနောက် ညာခြေနဲ့အပိုင်ပိတ်သွင်းကာ သွင်းယူခဲ့တာဖြစ်ပါတယ်။


ဒီသွင်းဂိုးကို အမိုက်စားသွင်းဂိုးတစ်ဂိုးလို့ တင်စားနေကြပြီး ဒီပိုင်းရဲ့ လျင်မြန်မှု၊ ပါးနပ်မှု နဲ့ အဆုံးသတ်ပိုင်းသေချာမှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ နည်းပြရော်နယ်ကိုးမန်းအတွက်တော့ လာမယ့်ရာသီမှာ အားကိုးရမယ့် ကစားသမားတစ်ဦးကို ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကျရှုံးခဲ့ရတဲ့ ဒီပိုင်းဟာ ဘာစီိလိုနာမှာ ပိုမိုရင့်ကျက်မှုတွေကို ပြသနေပြီး ဂီုးသွင်းခြေစွမ်းကလည်း တော်တော်လေးကောင်းမွန်နေတာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။

မက်ဆီ၊ အဂူရိုတို့နဲ့ တွဲဖက်ကာ ဘာစီလိုနာတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ်လို့ ပြောဆိုခဲ့တဲ့ ဒီပိုင်းကတော့ သူ ကစားခွင့်ရတဲ့နှစ်ပွဲမှာ နှစ်ဂိုးသွင်းပြခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဟော်လန်ကြယ်ပွင့်ဟာ ဘယ်တောင်ပံတိုက်စစ်ကို ဦးဆောင်ကစားရဖွယ်ရှိနေပြီး သူ့ရဲ့ခြေစွမ်းပြနေမှုကတော့ နေမာမရှိတော့တဲ့နောက် ဘာစီလိုနာ ဘယ်တောင်ပံတိုက်စစ်ကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်မြင်တွေ့ရဖို့ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ 



က္က