၂၀၁၆ခုနှစ်က စတင် နည်းပြခဲ့တာပါ။

၂၀၂၀ ယူရို ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကို ၄ဂိုးပြတ်အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့ ယူကရိန်း အသင်းဟာ နည်းပြချုပ် ရှက်ချင်ကိုနဲ့ လမ်းခွဲခဲ့တာပါ။

ယူကရိန်းအသင်းဟာာ ၂၀၂၀ ဥရောပဖလား ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါဟာ ယူကရိန်း နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်ခဲ့တာပါ။

ကွာတားဖိုင်နယ်မှာတော့ နာမည်ကြီး အင်္ဂလန်အသင်းကို ၄-၀ဂိုးဖြင့် အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရပါတယ်။

ဒါကြောင့်လည်း လက်ရှိ နည်းပြ ရှက်ချင်ကိုဟာ ယူကရိန်း အသင်းနဲ့ လမ်းခွဲခဲ့ရပါပြီ။၂၀၁၆ခုနှစ်က စတင် တာဝန် ယူခဲ့တဲ့ ရှက်ချင်ကိုဟာ ယူကရိန်း ဂန္တဝင် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သူပါ။

“ကျွန်တော်တို့ဟာလည်း ပြိုင်ပွဲတစ်ခုကို ယှဥ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ အတူတကွ သက်သေပြခဲ့ပြီးပါပြီ။တိုး တက်မှုတွေကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့ခဲ့ရပါပြီ။”လို့ ရှက်ချင်ကိုက လမ်းခွဲစကားဆိုခဲ့ပါတယ်။

ရှက်ချင်ကိုဟာ ၂၀၁၂မှာ ဘောလုံး ကစားခြင်းက အနားယူခဲ့သူ ဖြစ်ပြီး ယူကရိန်း လက်ရွေးစင် အသင်း သမိုင်းမှာ တစ်သက်တာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ၁၁၁ပွဲ ကစားပြီဂ ၄၈ဂိုးသွင်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က