လိုင်လီကို အရေးနိမ့်ခဲ့တာပါ။

အီကာဒီ၊ ဟာရဲရား၊ ကင်ပမ်ဘီ၊ နာဗက်စ်၊ ဟာကီမီတို့ ပါဝင်ခဲ့ကြပြီး ဒုတိယပိုင်းမှာ ကစားသမားသစ်ဝိုင်နယ်ဒမ် ဝင်ကစားပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။


ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီကတော့ ရာသီသစ်မစခင်မှာပဲ ဆုဖလားတစ်လုံးကို လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ပြင်သစ်စူပါဖလားပွဲအဖြစ် မနေ့က လိုင်လီနဲ့ ကစားခဲ့ရာမှာ တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး နည်းပြပိုချက်တီနိုအတွက်တော့ ဖိအားတွေ များသထက်များလာခဲ့ပြီဖြစ်ကာ လာမယ့်ရာသီမှာတော့ အနိမ့်ဆုံးအနေနဲ့ အမှတ်ပေးဖလားဆွတ်ခူးပေးနိုင်ဖို့ အားထုတ်ရတော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလားကိုလည်း လက်လွှတ်ခဲ့ရပြီး လိဂ်ဖလားတစ်လုံးနဲ့သာ ကျေနပ်ခဲ့ရတဲ့ ပီအက်စ်ဂျီဟာ စူပါဖလားပွဲမှာတော့ နေမာ၊ ဘတ်ပီ၊ ဒီမာရီယာတို့လို ကစားသမားတွေ မပါဝင်ပဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ အီကာဒီ၊ ဟာရဲရား၊ ကင်ပမ်ဘီ၊ နာဗက်စ်၊ ဟာကီမီတို့ ပါဝင်ခဲ့ကြပြီး ဒုတိယပိုင်းမှာ ကစားသမားသစ်ဝိုင်နယ်ဒမ် ဝင်ကစားပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

အမှတ်ပေးချန်ပီယံလိိုင်လီကတော့ ပြီးခဲ့တဲ့ရာသီက အစုအဖွဲ့ကိုပဲ အခြေခံထားခဲ့ပြီး ပီအက်စ်ဂျီကို ရင်ဆိုင်ခဲ့ပါတယ်။ ကစားပုံအရလည်း လိုင်လီက သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုုင်းမှာ ပီအက်စ်ဂျီထက် ပိုမိုကောင်းမွန်ခဲ့ကာ အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ ရှီခါက သွင်းယူပေးခဲ့ပြီး အဆိုပါသွင်းဂိုးတစ်လုံးတည်းနဲ့ အနိုင်ရပြီး ပြင်သစ်စူပါဖလားကို ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အီကာဒီဦးဆောင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်က တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့ပြီး ဂိုးကန်သွင်းချက်နည်းပါးခဲ့တဲ့ လိုင်လီကတော့ ၄ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ပါတယ်။ ရာသီသစ်မစခင်မှာပဲ ဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတာက ပီအက်စ်ဂျီအတွက်တော့ တော်တော်လေးခံပြင်းစရာကောင်းနေပြီး ပြင်သစ်ရဲ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်က မှေးမှိန်စပြုလာပြီလားလို့ ထင်စရာဖြစ်လာခဲ့ပါတယ်။



က္က