အလွတ်ခေါ်ယူခဲ့ရပေမယ့် ပေါင်သန်းရာကျော် သုံးစွဲခဲ့ရပါတယ်။

အလာဘာရဲ့ အေးဂျင့်ဇဟာဗီကတော့ ပေါင် ၄.၄ သန်းကို ကော်မရှင်ခအဖြစ် ရရှိခဲ့ပြီး လုပ်ခလစာငွေမပါဝင်ဘဲ ရီးရဲလ်က ပေါင် သန်း ၂၀ နီးပါး ကုန်ကျခံခဲ့ရပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေးဗစ်အလာဘာကို ဘိုင်ယန်မြူးနစ်အသင်းဆီကနေ အလွတ်ခေါ်ယူခဲ့ပေမယ့်လည်း ကစားသမားကို စာချုပ်ချုပ်ဆိုခဲ့ရာမှာတော့ ပေါင်သန်း ၁၀၀ ကျော်အထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ Der Spiedgel က ဖော်ပြခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေ ပေါက်ကြားလာမှုမှာ အလာဘာရဲ့ စာချုပ်အချက်အလက်အသေးစိတ်တွေပါဝင်ခဲ့ပြီး ကြီးမားတဲ့ လုပ်ခလစာကို ပေးချေခဲ့ရကြောင်း တွေ့ရှိခဲ့ရပါတယ်။ 

အလာဘာက ရီးရဲလ်မက်ဒရစ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၇၆၀၀၀ အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ငါးနှစ်စာချုပ်အတွက်ကြောင့် စုုစုပေါင်း ပေါင် ၉၈ သန်းအထိ ရရှိမှာဖြစ်ကာ စာချုပ်လက်မှတ်ရေးထိုးခအဖြစ် ပေါင်၁၅.၁ သန်း ရရှိခဲ့ပါတယ်။ အလာဘာရဲ့ အေးဂျင့်ဇဟာဗီကတော့ ပေါင် ၄.၄ သန်းကို ကော်မရှင်ခအဖြစ် ရရှိခဲ့ပြီး လုပ်ခလစာငွေမပါဝင်ဘဲ ရီးရဲလ်က ပေါင် သန်း ၂၀ နီးပါး ကုန်ကျခံခဲ့ရပါတယ်။


အေးဂျင့်ဇဟာဗီကတော့ အလာဘာရဲ့ မိသားစုဆီကနေ အကြောင်းရင်းဖော်ပြထားခြင်းမရှိဘဲ ပေးချေခဲ့တဲ့ ပေါင် ၅.၄ သန်းလည်း ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားအတွက် ရီးရဲလ်ဟာ စုစုပေါင်း ပေါင် ၁၂၂.၉ သန်း အထိ ကုန်ကျခဲ့ရပြီးတော့ အလာဘာကလည်း ရီးရဲလ်မှာ လုပ်ခလစာငွေအများဆုံးရကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေခဲ့ပြီး ဒီပေါက်ကြားမှုဟာ ကစားသမားတွေကြား စိတ်ဝမ်းကွဲမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။

ဆာဂျီယိုရာမို့စ်ကို အလွတ်ထွက်ခွာစေခဲ့ပြီး အလာဘာကို ပြန်လည်အစားထိုးခေါ်ယူခဲ့တဲ့ ရီးရဲလ်အတွက်လည်း ကြီးမားတဲ့ရင်းနှီးမှုတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အလာဘာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် သီးသန့်နေထိုင်နေရပြီး အသင်းရဲ့ရာသီကြိုပွဲစဉ်တွေကို လွဲချော်မယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူ၊ ဘယ်အစွန်နောက်ခံလူတွေအဖြစ် ကစားနိုင်တဲ့ အလာဘာက ဘိုင်ယန်နဲ့အတူ အောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။



က္က