လစာ တစ်ဝက်လျော့ယူပြီး အသင်းမှာ ဆက်နေခဲ့တာပါ။

၅နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပြီး မကြာခင်မှာတော့ မက်ဆီရဲ့ ဖခင်နဲ့ အပြီးသတ် ညှိနှိုင်းပြီးပါက အတည်ပြု ကြေညာပေးဖို့ ရှိနေပါတယ်။

အသင်းလက်မဲ့ ရက်ပိုင်းလောက် ဖြစ်သွားတဲ့ လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းက စာချုပ်သစ်အတွက် ထပ်မံ သဘောတူညီမှု ရခဲ့ပါတယ်။



အဆိုပါ သဘောတူညီမှုမှာတော့ မက်ဆီဟာ အသင်းနှင့်အတူ နောက်ထပ် ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အသက် ၃၄နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ အသက် ၄၀လောက်အထိ ဘာစီလိုနာမှာ ဆက် ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

ဒီလို စာချုပ်သစ်ချုပ်ဆိုရာမှာတော့ မူလ မက်ဆီရရှိနေတဲ့ လစာ ပမာဏကို တစ်ဝက်လျော့ယူပြီး သက်တမ်းတိုးခဲ့ တာလည်း ဖြစ်ပါတယ်။

အတည်ပြု ကြေငြာခြင်း မရှိသေးသော်လည်း Sportsရဲ့ ဖော်ပြချက်အရ မကြာခင် ရက်ပိုင်းမှာ မက်ဆီရဲ့ ဖခင်နဲ့ ဘာစီလိုနာ အသင်းတို့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သိရပါသေးတယ်။

မက်ဆီဟာ ဘာစီလိုနာ အသင်းမှာသာ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ရှိတော့မယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပြီး ယခင် တစ်ပတ်လုပ်ခ ပေါင် ၅သိန်းလောက်ရနေရာမှယခုအခါ ၂သိန်းခွဲသာ ရတော့မှာလည်း ဖြစ် ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့ သတ်မှတ် ဘဏ္ဍာရေး ကန့်သတ်ချက်ရှိနေပြီး ငွေကြေး သုံးစွဲမှုတွေကို လျော့ ချနေရပါတယ်။

ဒီအထဲမှာ ကစားသမား လစာတွေကိုလည်း များစွာာ လျော့ပေးရပြီး ကလပ်အသင်း အသုံးစရိတ်တွေကို မျှခြေ ဖြစ်အောင် ဆောင်ရွက်နေရတာပါ။

မက်ဆီနည်းတူ အခြား အသင်းမှာ ရှိနေတဲ့ နာမည်ကျော် ကစားသမားတွေကိုလည်း လစာ လျော့ယူပေးဖို့ ညှိနှိုင်း ရမှုတွေ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က