LA Galaxy မှာ ကစားနေသူဖြစ်ပါတယ်။

ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် လေ့ကျင့်နေစဉ်မှာ အကောင်းဆုံးပုံစံမဖြစ်တာကြောင့် Trainer ဖြစ်သူက နှစ်သိမ့်ပေးခဲ့ရပြီး ကစားသမားကိုယ်တိုင်လည်း မျက်ရည်ကျကာ ငိုကြွေးနေခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ 


မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ဂျာဗီယာဟာနန်ဒက်ဇ်ဟာ LA Galaxy အသင်းနဲ့ ကစားပေးရင်း တံကောက်ကြောဒဏ်ရာရရှိနေခဲဲ့လို့ အနားယူနေရသူဖြစ်ပါတယ်။ ၂၀၂၀ မေဂျာလိဂ်ပြိုင်ပွဲမှာ ၁၀ ပွဲကစားပေးပြီး ၁၀ ဂိုးသွင်းယူကာ ခြေစွမ်းပြနေတဲ့ ဟာနန်ဒက်ဇ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် တော်တော်လေးအခက်တွေ့နေရပြီး ပြန်လည်ကောင်းမွန်လာဖို့အတွက် အားထုတ်နေရပါတယ်။ 

ဒဏ်ရာကပြန်လည်သက်သာလာဖို့ ကြိုးစားနေရတဲ့ ဟာနန်ဒက်ဇ်ဟာ ထင်မှတ်သလောက် ပြန်လည်ကောင်းမွန်ခြင်းမရှိသေးလို့ ငိုကြွေးခဲ့တယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့တဲ့ ဗီဒီယိုအရ ဟာနန်ဒက်ဇ်ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့အတွက် လေ့ကျင့်နေစဉ်မှာ အကောင်းဆုံးပုံစံမဖြစ်တာကြောင့် Trainer ဖြစ်သူက နှစ်သိမ့်ပေးခဲ့ရပြီး ကစားသမားကိုယ်တိုင်လည်း မျက်ရည်ကျကာ ငိုကြွေးနေခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ 



မန်ချက်စတာယူနိုက်တက်အသင်းမှာ လျင်မြန်ပါးနပ်ပြီး အဆုံးသတ်ပိုင်းကောင်းမွန်သူတစ်ဦးအဖြစ် ထင်ရှားခဲ့ကာ ပရိသတ်အကြိုက်ကစားသမားတစ်ဦးအဖြစ် ဟာနန်ဒက်ဇ်က ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဂိုးဧရိယာအတွင်းမှာ ဂိုးသွင်းဖို့ အခွင့်ကောင်းကို ကောင်းကောင်းစောင့်ဆိုင်းတတ်သူအဖြစ် နာမည်ကြီးကျော်ကြားခဲ့ပေမယ့် နည်းပြသစ်အဖြစ် ဗန်ဂါးလ်ရောက်ရှိလာချိန်မှာတော့ အသင်းကထွက်ခွာခဲ့ရကာ ရီးရဲလ်မက်ဒရစ်ကို အငှားထွက်ကစားခဲ့သူဖြစ်ပါတယ်။

ဒီနောက် လေဗာကူဆင်၊ ဝက်စ်ဟမ်းတို့မှာကစားပြီး အခုအခါမှာတော့ အယ်လ်အေဂလက်ဇီအတွက် ကစားပေးနေတာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက္ကဆီကိုတိုက်စစ်မှူးဟောင်းဟာ ဂလက်ဇီအတွက် ခြေစွမ်းပြကစားနေချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြန်လည်ကောင်းမွန်လာဖို့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ သူ့ရဲ့ငိုကြွေးနေဟန်ကတော့ တချိန်က သူ့ကို တော်တော်လေးနှစ်ခြိုက်အားပေးခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ 



က္က