နည်းပြကို ဝေဖန်လို့ အတင်းအကျပ်ပြန်ပို့ခံခဲ့ရသူပါ။

အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲကို ဝင်ရောက်ကစားရမှာဖြစ်ပြီး ဒီပွဲအတွက် အရည်အချင်းစစ်ဆေးမှုကို မကျော်လွှားနိုင်တဲ့ အသင်းဖော်တချို့အစား သူမကို ဝင်ပြိုင်ဖို့ အချိန်နီးကပ်မှ နည်းပြအဖွဲ့က ပြောဆိုခဲ့တာကို သူမက မကျေမနပ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။


ဘီလာရုစ်တာတိုပြေးမယ် Krystsina Tsimanouskaya ရဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမှုကို ပိုလန်အစိုးရက လက်ခံခဲ့ပြီးနောက် ဗီဇာထုတ်ပေးဖို့ အာမခံချက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဘီလာရုစ်အပြေးမယ်ဟာ သူမရဲ့ လုံခြုံရေးအတွက် ကြောက်လန့်တုန်လှုပ်နေရပြီး သူမရဲ့ နည်းပြအဖွဲ့က သူမကို တိုင်းပြည်ဆီ အတင်းအကျပ်ပြန်လည်ပို့ဆောင်မှုကို ငြင်းဆန်ကာ တိုကျိုလေဆိပ်မှာပဲ ဆက်နေခဲ့ပြီးနောက် ခိုလှုံခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။

တိုကျိုမှာ သူမကို လေ့ကျင့်ပေးနေတဲ့ Trainer တွေရဲ့ ပြန်ပေးဆွဲခြင်းကိုခံရလုနီးပါးဖြစ်ခဲ့ပြီးနောက် သူမက တိုင်းပြည်ကိုပြန်ရောက်တာနဲ့ အပြစ်ပေးခံရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပါတယ်။ တိုကျိုက ပိုလန်သံရုံးအတွင်းရောက်ရှိနေပြီး သူမရဲ့ စကားသံတွေကို ကမ္ဘာသိအောင်ပြောဆိုခဲ့ပြီးနောက်မှာ ပိုလန်ဘက်ကလည်း ကစားသမားအတွက် အာမခံချက်ပေးခဲ့တာဖြစ်ပါတယ်။ 


သူမဟာ နည်းပြဖြစ်သူကို ပြန်လည်ဝေဖန်ခဲ့ပြီးနောက်မှာ အစိုးရကိုလည်း အွန်လိုင်းကတဆင့် ပုတ်ခတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ နေအိမ်ကို အတင်းအကျပ်ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး သူမအနေနဲ့ ပြန်ရောက်တာနဲ့တပြိုင်နက် ဖမ်းဆီးခံရပြီး အပြစ်ပေးခံရမှာ သေချာတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမကို ဂျပန်အာဏာပိုင်တွေ နဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီတို့က ပူးပေါင်းကာကွယ်ကာ စောင့်ရှောက်ပေးခဲ့ပြီး ချက်ကလည်း ဗီဇာထုတ်ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲကို ဝင်ရောက်ကစားရမှာဖြစ်ပြီး ဒီပွဲအတွက် အရည်အချင်းစစ်ဆေးမှုကို မကျော်လွှားနိုင်တဲ့ အသင်းဖော်တချို့အစား သူမကို ဝင်ပြိုင်ဖို့ အချိန်နီးကပ်မှ နည်းပြအဖွဲ့က ပြောဆိုခဲ့တာကို သူမက မကျေမနပ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကတဆင့်လည်း သူမက လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ဘီလာရုစ်အစိုးရပိုင် တီဗွီအစီအစဉ်တစ်ခုကလည်း သူမကို အသင်းစိတ်ဓာတ်မရှိသူလို့ ဝေဖန်ခဲ့ပါတယ်။ 

ဒီအဖြစ်အပျက်တွေဖြစ်ခဲ့ပြီးနောက် နည်းပြအဖွဲ့က သူမရဲ့အဝတ်အစားတွေကို သိမ်းဆည်းထုတ်ပိုးဖို့ အချိန်တစ်နာရီသာပေးခဲ့ပြီး လေဆိပ်ကို အတင်းအကျပ်ပို့ဆောင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ သူမအတွက် လုံခြုံစိတ်ချရပြီဖြစ်ပေမယ့်လည်း နိုင်ငံတွင်းကျန်နေရစ်ခဲ့တဲ့ မိသားစုဝင်တွေအတွက် စိတ်ပူမိတယ်လို့လည်း သူမက ပြောဆိုခဲ့ပါတယ်။ ဘီလာရုစ်အိုလံပစ်ကေ်ာမတီကတော့ ကစားသမားရဲ့ စိတ်လှုပ်ရှားလွယ်တဲ့ အခြေအနေကြောင့် အခုလိုလုပ်ခဲ့တာလို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။



က္က