ပေါင် ၄၂သန်းနဲ့ သဘောတူညီမှုရခဲ့တာပါ။

ဗာရနီဟာ ရီးရဲနှင့်အတူ ချန်ပီယံလိဂ်ဆုဖလား ၄ကြိမ် လာလီဂါ ၃ကြိမ်တို့ ဆွတ်ခူးထားနိုင်သလို ယူနိုက်တက်နှင့် လည်း အောင်မြင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။

ပေါင် ၄၂သန်းနဲ့ ရီးရဲမက်ဒရစ်အသင်းကနေ ပြင်သစ်နောက်ခံလူ ဗာရနီကို ယူနိုက်တက်အသင်းက ခေါ်ဆောင်နိုင် ခဲ့ပါပြီ။



ဒါကြောင့် ဗာရနီဟာ ရီးရဲနဲ့ ယူနိုက်တက် နှစ်သင်းစလုံးမှာ ကစားဖူးမယ့် ၉ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်တော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ် ပြင်သစ် နောက်ခံလူဟာ ရီးရဲအသင်းနဲ့ လမ်းခွဲကြောင်း သတင်းကို လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပြောင်းမယ့်သတင်းဟာ အတည်ဖြစ်လာခဲ့ပါတယ်။

ဗာရနီဟာ ရီးရဲမက်ဒရစ်အသင်းနှင့်အတူ အောင်မြင်မှုအလီလီ ရရှိခဲ့သူ ဖြစ်သလို ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက်မှ အောင်မြင်မှု ရယူနိုင်ပြီး ကလပ်အသင်း နှစ်သင်းစလုံးမှာ အောင်မြင်မှုရယူနိုင်မလားဆိုတာက လည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာပါ။

အကြောင်းကတော့ ရော်နယ်ဒို၊ဘက်ခမ်းတို့လို နာမည်ကျော်တွေ ပါဝင်နေပြီး လူတိုင်း နှစ်သင်းစလုံးနဲ့ မအောင်မြင်ခဲ့လို့ ဖြစ်ပါတယ်။

အနည်းစုသော ကစားသမားသာလျှင် နှစ်သင်းစလုံးမှာ အောင်မြင်မှု ရရှိခဲ့ပြီး မှတ်မှတ်ထင်ထင် ကစားသမားဆိုလို့ ရော်နယ်ဒိုတစ်ဦးတည်းကိုသာ ညွှန်းရမှာပါ။

ဘက်ခမ်း၊အိုဝင်၊နစ္စတယ်ရွိုင်း၊ဟိန့်ဇီ၊ဟာနန်ဒက်စ်၊ဒီမာရီယာ၊တို့ကတော့ တစ်သင်းသင်းမှာ အောင်မြင်မှု ရခဲ့ပေမယ့် ကျန်တစ်သင်းမှာ ထင်သလောက် အောင်မြင်မှု မရခဲ့သူတွေထဲမှာ ပါဝင်နေတာပါ။

ကျန်တစ်ဦးကတော့ ကူနင်ဟန်ဖြစ်ပြီး ရီးရဲအသင်းနဲ့ ပထမဆုံး စာချုပ်ချုပ်ဖြစ်တဲ့ ပထမဆုံး ဗြိတိန်ကစားသမားလည်း ဖြစ်ပါတယ်။



က္က