ဗုဒ္ဓဟူးနေ့က အသင်းဖော်တွေနဲ့ လာတွေ့ခဲ့ပါတယ်။

ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲမှာ ရုတ်တရက် နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျခဲ့ရာမှ ယခု အခါ ပြန်လည်သက်သာလာတာပဲ ဖြစ်ပါတယ်။

နှလုံးရပ်ပြီး ကွင်းအတွင်း လဲကျခဲ့တဲ့ အဲရစ်ဆင်ဟာ နေပြန်ကောင်းပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ကလပ် အသင်း အင်တာမီလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့ပါတယ်။



ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စုအဖွင့်ပွဲမှာ အဲရစ်ဆင်အနေနဲ့ ရုတ်တရက် နှလုံး ရပ်ပြီး ကွင်းအတွင်း လဲကျခဲ့တာပါ။

အသက်သေဆုံးဖို့အထိ ဝေဒနာ ပြင်းထန်ခဲ့ပေမယ့်လည်း ကွင်းအတွင်း ဆရာဝန်တွေရဲ့ ရှေးဦးသူနာပြုစုမှု ကောင်း မွန်တာကြောင့် အသက်ကယ်တင်နိုင်ခဲ့ပါတယ်။

အဲရစ်ဆင်ဟာ နောက်တစ်နေ့မှာပဲ နှလုံးအနေအထား ပုံမှန်အခြေအနေကို ချက်ခြင်းပြန်ရောက်ခဲ့ပြီး ပရိသတ်တွေ ကို သတင်းကောင်း စကားပါးနိုင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာတော့ အဲရစ်ဆင်ဟာ သူ့ရဲ့ အင်တာ အသင်းဖော်တွေ၊နည်းပြ အဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပါပြီ။

အင်တာမီလန်အသင်းရဲ့ အဲရစ်ဆင်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာလည်း - “ အဲရစ်ဆင်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုရင် ကြံ့ခိုင်မှုတွေဟာ အင်မတန်ကောင်းမွန်နေပါပြီ။”လို့ ပါရှိပါတယ်.

“မကြာခင်မှာ သူဟာ ညွှန်ကြားချက်အတိုင်း ဆက်လက် လိုက်နာနေထိုင်းပြီး ကိုပင်ဟေဂင်မှာ ဆေးကုသမှုတွေကို ဆက်လက် ခံယူရပါအုံးမယ်။ အဲရစ်ဆင်ရဲ့ နောက်ဆုံးရသတင်းတွေကို စဥ်ဆက်မပြတ် အင်တာမီလန် အသင်းက ပရိသတ်တွေကို အသိပေးသွားမှာပါ။”လို့ အင်တာမီလန်အသင်းက ရေးသားဖော်ပြလာပါတယ်။

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနှင့်အတူ ဘောလုံး ပြန်ကစားလို့ မရသေးပေမယ့် လက်ရှိ ကြံ့ခိုင်မှုအရ မကြာခင်မှာဘောလုံးပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ



က္က