ယူရို သန်း ၂၈၀ အထိ ဘာစီလိုနာက ချေးငွေရရှိမှာဖြစ်ပါတယ်။

ရင်းနှီးငွေတွေထဲက အများစုကို ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေက အများဆုံးရရှိမှာဖြစ်ပြီး တသင်းကို ယူရိုသန်း ၂၈၀ စီ ရရှိမှာလည်းဖြစ်ပါတယ်။


မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နှုတ်အားဖြင့်သာ သဘောတူညီမှုရှိထားသေးတဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါက ကလပ်အသင်းတွေကို ပေါင် ၂.၇ ဘီလီယံအထိ ထုတ်ချေးဖို့သဘောတူညီခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးပိုင်း ထိခိုက်ခဲ့တဲ့ အသင်းတွေကို ပြန်လည်ကုစားပေးဖို့ လာလီဂါက စီစဉ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ယူရို ၂.၇ ဘီလီယံအထိ ကူညီပေးသွားမှာလည်းဖြစ်ပါတယ်။ 

ဒီလိုငွေကြေးထောက်ပံ့ပေးမှုမှာ အဓိကပါဝင်တာကတော့ CVC Capital Partnes ဖြစ်ပြီး ဥရောပနဲ့ အာရှပုဂ္ဂလိကအစုရှယ်ယာ၊ ချေးငွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတွေအတွက် တည်ထောင်ခဲ့ပြီး ခန့်မှန်းချေအားဖြင့် ဒေါ်လာ ၁၁ ဘီလျံအထိ ကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီဖြစ်ပါတယ်။ ရင်းနှီးငွေတွေထဲက အများစုကို ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေက အများဆုံးရရှိမှာဖြစ်ပြီး တသင်းကို ယူရိုသန်း ၂၈၀ စီ ရရှိမှာလည်းဖြစ်ပါတယ်။ 

ယူရို ၂.၇ ဘီလျံရဲ့ ၉၀% ကို နှစ် ၄၀ ချေးငွေအဖြစ် လာလီဂါကလပ်တွေက ရရှိမှာဖြစ်ပြီး ရရှိတဲ့ငွေကြေးထဲက ၇၀% ကို အခြေခံအဆောက်အဦတွေမှာ ရင်းနှီးဖို့၊ ၁၅% ကို ကြွေးမြီတွေဆပ်ဖို့နဲ့ နောက်ထပ် ၁၅% ကိုတော့ လစာကန့်သတ်ဖို့ အသုံးပြုရလိမ့်မယ်လို့ ဘောလုံးဘဏ္ဍာရေးကျွမ်းကျင်သူ Marc Ciria က Goal.com နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ 

အခုလိုမျိုး ချေးငွေရရှိမှုဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရာမှာ လစာငွေပေးချေဖို့ အခက်တွေ့နေရတဲ့ ဘာစီလိုနာအတွက်တော့ အဆင်ပြေခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ယူရို ၄၂ သန်းအထိကို လစာငွေအဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိခေါ်ယူထားတဲ့ ကစားသမားသစ်လေးဦးကိုပါ အသင်းကစားသမားတွေအဖြစ် မှတ်ပုံတင်နိုင်ခွင့်ပါ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီရဲ့လစာငွေအတွက် ခေါင်းစားနေရတဲ့ ဘာစီလိုနာအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျခဲ့ရပြီလည်းဖြစ်ပါတယ်။ 




က္က