ဘာစီလိုနာနဲ့ ပူးပေါင်း နေထိုင်ခွင့်ကိုပါ ဆုံးရှုံးလိုက်ရပါပြီ။

ဘဏ္ဍာရေး စည်းမျဥ်းတွေအရ စာချုပ်မရှိတဲ့ ကစားသမားဟာ အသင်းမှာ နေခွင့်မရှိဘူးလို့ လာလီဂါက သတိပေး လာတဲ့အပေါ် ဘာစီလိုနာအသင်းဖက်ကလည်း စာချုပ်ချုပ်ဖို့ မဖြစ်နိုင်သေးလို့ မက်ဆီကို ခွင့်ပြုပေးလိုက်ရတာပါ။

ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ လက်ရှိအချိန်မှာတော့ စာချုပ်သစ်လည်း ထပ်မချုပ်ထားနိုင်သေးလို့ အသင်းလက်မဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။



ပုံမှန်ဆိုရင်တော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီး အသစ် ထပ်မချုပ်ခင် စပ်ကြားမှာလည်း ကလပ်နှင့် အတူ ပူးပေါင်း နေထိုင်ခွင့် ရှိပါတယ်။

ဘာစီလိုနာမှာတော့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်း ငြိစွန်းမှုတွေ ရှိနေတာကြောင့် စာချုပ်မရှိတဲ့ ကစားသမားကို အသင်းမှာ ခေါ်ထားခွင့် မရှိတာပဲ ဖြစ်ပါတယ်။

တကယ်တော့ မက်ဆီဟာ ဇူလိုင်လ ၁ရက်နေ့ကတည်းက ဘာစီလိုနာနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်း လက်မဲ့ ပုံစံမျိုး ဖြစ်နေတာပါ။

ဒီကြားထဲမှာ နိုင်ငံပွဲတွေ ရှိနေတော့ နိုင်ငံအသင်းနဲ့ ပူးပေါင်းခဲ့ပြီး ယခုအခါ ကလပ်ပြိုင်ပွဲတွေ ပြန်လည်စတင်တော့ မယ့် ရက်သတ္တပတ် တစ်ပတ်ခန့် အလိုထိ သေချာပိုင်နိုင်မဲ့ အသင်းကို မရသေးတာပါ။

“နှစ်ဖက်စလုံး ကြေကွဲရပါတယ်၊ကလပ်အတွက် အစားထိုးမရတဲ့ ကစားသမားတစ်ဦးပါ။”လို့ ဘာစီလိုနာအသင်း က ထုတ်ပြန်လာပါတယ်။

မက်ဆီနဲ့ ဘာစီလိုနာတို့ စာချုပ်သစ်ကို ၂၀၂၆အထိ ချုပ်ဆိုတော့မယ်လို့ ဘာစီလိုနာအသင်းက မကြာခင်ကမှ ထုတ်ပြန်ထားတာ ရှိပါသေးတယ်။

ဒါပေမယ့် လာလီဂါက ဘာစီလိုနာအသင်းကို အသုံးစရိတ်နဲ့ ပတ်သက်ပြီး တင်းကြပ်စွာ သတိပေးလာတဲ့အတွက် ကစားသမားသစ်ကို လုံးဝ မခေါ်နိုင်သေးပဲ ဖြစ်နေတာပါ။

ဒါကြောင့် မက်ဆီကို တရားဝင် စာချုပ်ချုပ်ဆိုနိုင်ခြင်း လုံးဝမရှိသေးပဲ ချုပ်ဆိုမယ့်နေ့မှာပဲ အသင်းမှာ ဆက်နေခွင့် မရှိတော့ဘူးဆိုတဲ့ သတင်းကို အစားထိုး ထုတ်ပြန်လိုက်ရတာလို့လည်း ဆိုပါတယ်။

မက်ဆီ ဘာစီလိုနာမှာ ဆက်နေခွင့်မရတော့တာဟာ ဘာစီလိုနာအသင်းနဲ့ အပြီးတိုင် လမ်းခွဲပြီး အခြား တစ်သင်း သင်းကို ပြောင်းတော့မယ်လို့ ယူဆလို့ အတိအကျ မရနိုင်သေးပါဘူး။

မက်ဆီအနေနဲ့ ဘာစီလိုနာရဲ့ အကြပ်အတည်းကို လစာ လုံးဝမယူပဲ ကစားပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်တဲ့ အင်အား အပြည့်ရှိနေသေးလို့ မက်ဆီ ဘယ်လို ဆုံးဖြတ်ချက် ချမလဲဆိုတာကလည်း အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က