ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့်လို့ ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာက အသင်းကနေ မက်ဆီထွက်ခွာခဲ့မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မနေ့ကဘဲ မက်ဆီဟာ ဘာစီလိုနာမှာ ဆက်ရှိနေမှာမဟုတ်တော့ဘူးလို့ ကလပ်အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဘာကြောင့်စာချုပ်သစ်မချုပ်ဖြစ်ရသလဲဆိုတာကို လာပေါ်တာက ရှင်းပြခဲ့ပါတယ်။

"ကျွန်တော်အခြေအနေအားလုံးကို ဒီမှာရှင်းပြပါ့မယ်၊ ကျွန်တော်တို့အသင်းရဲ့ လစာငွေမှာ ဘယ်လိုသတ်မှတ်ချက်မျိုးမှမရှိပါဘူး၊ စပိန်လာလီဂါရဲ့ စည်းမျဉ်းတွေကို FFP စည်းမျဉ်းကထိန်းချုပ်ထားပါတယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ငွေကြေးကိန်းဂဏန်းတွေက ကျွန်တော်တို့ ထင်မှတ်ထားတာထက် ပိုများပြားခဲ့ပါတယ်" လို့ ပြောကြားပြီး လာပေါ်တာက သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့ပါတယ်။ 

"လီယိုက အသင်းမှာဆက်နေချင်ခဲ့ပါတယ်၊ ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာ ဆက်နေစေချင်ခဲ့ပါတယ်၊ ဒါက အရေးကြီးတဲ့အချက်ပါ၊ သူ အသင်းမှာ ဆက်ရှိနေချင်ခဲ့တာပါ၊ ကျွန်တော်တို့က စည်းကမ်းကို လိုက်နာရပါမယ်၊ သူတို့အနေနဲ့ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်တယ်လို့တော့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် ဒါက ဆင််ခြေတစ်ခုမဟုတ်ပါဘူး၊ စည်းမျဉ်းတွေကို ကျွန်တော်တို့ သိပါတယ်" လို့ ပြောဆိုပြီး သူတို့အနေနဲ့ ဘာမှမတတ်နိုင်ခဲ့ကြောင်း လာပေါ်တာက ဆိုပါတယ်။ 

"မက်ဆီနဲ့ သဘောတူညီမှုရပြီးတာတောင်မှ ကျွန်တော်တို့ သူ့ကို ကစားသမားအဖြစ် စာရင်းသွင်းလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ FFP စည်းမျဉ်းကြောင့်ပါ၊ သူ အသင်းမှာ ဆက်နေဖို့ သဘောတူညီမှုရခဲ့ပါတယ်၊ ဒီညှိနှိုင်းမှုမှာ ပါဝင်ခဲ့သူတွေအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကံဆိုးတာက လာလီဂါစည်းမျဉ်းတွေကြောင့် ရှေ့ဆက်လုပ်လို့မရခဲ့တာပါပဲ"

'ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်၊ မက်ဆီကို ထိန်းသိမ်းဖို့ အရာအားလုံး ကျွန်တော်တို့လုပ်ခဲ့ပါတယ်၊ သူ ဆက်နေဖို့ အသင့်ဖြစ်နေခဲ့ပြီး သဘောတူခဲ့တာပါ၊ အခုတော့ သူမပါတဲ့ ခေတ်သစ်တစ်ခုကို စတင်ရတော့မှာပါ၊ လီယိုကို ကျေးဇူးတင်ပါတယ်၊ သူ့ကို ခေါ်ဖို့ အခွင့်အရေးရှိလားဆိုရင်တော့ မျှော်လင့်ချက်အတုတွေ ကျွန်တော်မပေးချင်ဘူး၊ အခု မက်ဆီက အခြားရွေးချယ်မှုတွေကို စဉ်းစားနေနိုင်ပါတယ်" လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။ 




က္က