အရာအားလုံးသဘောတူညီခဲ့ပြီးမှ လမ်းခွဲခဲ့ရတာပါ။

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ အသင်းနဲ့လမ်းခွဲခဲ့ရပေမယ့်လည်း နောက်ဆုံးအချိန်ထိ အသင်းကို အကောင်းဆုံးကူညီပေးခဲ့တယ်လို့ လာပေါ်တာရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်တွေအရ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့ စာချုပ်သစ်သဘောတူညီချက်ရရှိခဲ့ပေမယ့်လည်း လာလီဂါစည်းမျဉ်းနဲ့ FFP စည်းမျဉ်းတွေကြောင့် စာချုပ်ချုပ်ဆိုဖို့ အဆင်မပြေခဲ့ရတာဖြစ်တယ်လို့ လာပေါ်တာက ပြောဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ လာပေါ်တာပြောဆိုခဲ့မှုတွေမှာတော့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုရရှိခဲ့ပြီး အရာအားလုံးအဆင်ပြေချောမွေ့ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ မက်ဆီကို ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပေမယ့်လည်း လုပ်ခလစာကို ၂နှစ်စာအတွက်သာ ပေးချေဖို့ကို မက်ဆီဘက်က လက်ခံခဲ့ပြီး အသင်းကို ကူညီပေးခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။


လာပေါ်တာက "မက်ဆီနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်၊ ဒါပေမယ့် ၂နှစ်စာပဲ လစာပေးရမှာပါ၊ ဒီစာချုပ်ကို သူ သဘောတူခဲ့ပါတယ်၊ လက်ခံခဲ့ပါတယ်၊ ဒါက ဘဏ္ဍာရေးမျှတစွာကစားခြင်းစည်းကမ်းနဲ့လည်း ကိုက်ညီမယ်လို့ ယုံကြည်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း လာလီဂါက ခွင့်မပြုခဲ့ပါဘူး၊ လီယိုနဲ့ ညှိနှိုင်းမှုအားလုံးလည်း ပြီးဆုံးခဲ့ရပါတယ်၊ သူကို ကျွန်တော်တို့ ကစားသမားအဖြစ် စာရင်းသွင်းလို့မရနိုင်ဘူး"

'ဘာလို့လဲဆိုတော့ လာလီဂါစည်းမျဉ်းစည်းကမ်းတွေကြောင့်ပါ၊ ကျွန်တော်တို့ရဲ့ လစာကန့်သတ်ချက်အတွက် သူတို့ဘက်က ပြောင်းလဲပေးခြင်းမရှိခဲ့ပါဘူး၊ လီယိုနဲ့တော့ သဘောတူခဲ့တယ်၊ ဒါပေမယ့် သူ့ကိုစာရင်းသွင်းလို့မရနိုင်ပါဘူး၊ ဒါပေမယ့် ကစားသမားတွေဖြစ်တဲ့ ဒီပိုင်း၊ အဂူရိုတို့ကိုတော့ ကျွန်တော်တို့ အသင်းကစားသမားတွေအဖြစ် စာရင်းသွင်းနိုင်မှာဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


လက်ရှိအချိန်ထိတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မက်ဆီဘက်က တုံ့ပြန်ပြောဆိုမှုမျိုးမရှိသေးပါဘူး။ ဘာစီလိုနာကတော့ ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မက်ဆီကို ပြန်လည်ခေါ်ယူဖို့ အခွင့်အရေးလည်း မရှိဘူးလို့ ပြောဆိုခဲ့ကာ ပရိသတ်တွေကို ရှင်းလင်းတဲ့သတင်းစကားပို့ဆောင်သွားခဲ့တာဖြစ်ပါတယ်။ 



က္က