ဆွီဒင်ကိုပင်နယ်တီနဲ့ အနိုင်ယူခဲ့တာပါ။

ကနေဒါလက်ရွေးစင် အမျိုးသမီး အသင်းအတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ကမ္ဘာကြီးဟာ ကိုဗစ် ကူးစက် ကပ်ရောဂါကြောင့် ယနေ့တိုင် နှစ်နှစ်ခန့် လူသားတွေဟာ အကြပ်အတည်း အခက် အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပါ။



ဟိုအရင်တုန်းကလို ပုံမှန်အခြေအနေတွေကို ပြန်ရဖို့ မဖြစ်နိုင်‌သေးပဲ ခက်ခက်ခဲခဲ ရုန်းကန်နေကြရကာ ဒီအခြေ အနေတွေထဲမှာ ကမ္ဘာ့ အားကစားလောကလည်း ပါဝင်ပါတယ်။

ဒါပေမယ့် လူသားတွေဟာ အခက်အခဲတွေကြားကပဲ အောင်မြင်မှုတွေကို ကြိုးစား ရှာဖွေတတ်တဲ့ ဗီဇကြောင့် မဖြစ်နိုင်ဘူးဆိုတာ မရှိပဲ မဖြစ် ဖြစ်အောင် လုပ်ဆောင်ပြီး အကောင်အထည်ဖော်နေကြပါတယ်။

ကမ္ဘာ့ အားကစားလောကမှာလည်း ပရိသတ်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ယခင်က ပရိသတ် ဝင်ခွင့်လုံးဝ ပိတ်ခဲ့ရသလို ပြိုင်ပွဲလုံးဝ ရပ်နားခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ယခုအခါ တစ်စနဲ့တစ်စ ပွဲတွေလည်း ကျင်းပလာပြီ ဖြစ်သလို ဒီအထဲမှာမှ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျို အိုလံပစ် အစားထိုး ပြိုင်ပွဲလည်း အပါအဝင်ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ပုံမှန်ကျင်းပရမယ့် ၂၀၂၀ ခုနှစ်မှ မကျင်းပနိုင်ခဲ့တဲ့ တိုကျို အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်ထဲမှာမှ ကျင်းပရပါတယ်။

ဒီပြိုင်ပွဲမှာ အားကစားနည်းများစွာ ပါဝင်တဲ့အထဲက အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာတော့ ကနေဒါအသင်းက ချန်ပီ ယံ ဖြစ်သွားပါတယ်။

ဆွီဒင်အသင်းကို ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျနေလို့ အချိန်ပို၊ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ၃-၂ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ကနေဒါအတွက်တော့ ဒါဟာ သမိုင်းတစ်လျှောက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ဆုကို ဆွတ်ခူးနိုင်ခြင်းဖြစ်ပြီး နိုင်ငံအတွက် ပျော်ရွှင်မှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါပြီ။

ကနေဒါအတွက်တော့ ရီယိုနဲ့လန်ဒန်အိုလံပစ်တွေမှာ ငွေတံဆိပ်တွေနဲ့သာ ကျေနပ်ခဲ့ရပြီး အမြင့်ဆုံး အောင်မြင်မှု ရခဲ့တဲ့ အနေအထားကနေ တစ်ဆင့် ထပ်တိုး အောင်မြင်ခဲ့တာပါ။

ဒါဟာ ကိုဗစ်ကြောင့် စိတ်ညစ်နေကြရတဲ့ ကနေဒါ ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းစကားတစ်ခုလည်း ဖြစ်စေခဲ့မှာပါ။

ကိုဗစ်ကြောင့် အရာရာ အရင်လို ပြန်ပြောင်း မဖြစ်နိုင်သေးပေမယ့်လည်း ကနေဒါနိုင်ငံကတော့ အိုလံပစ် ရွှေတံ ဆိပ်ကြောင့် သမိုင်းတစ်ကွေ့ ပြောင်းလဲသွားခဲ့ရပါပြီ။



က္က