ကိန်းကိုတော့ စိတ်ဝင်စားတာ အမှန်ပါလို့ ဝန်ခံလာပါတယ်။

ဂရီလစ်ရှ်ကို ပေါင် သန်း၁၀၀နဲ့ ခေါ်ယူအပြီးမှ မက်ဆီကို အလွတ်ခေါ်ယူနိုင်မယ့်အပေါ်မှာတော့ မိမိတို့ အနေနဲ့ တွေးနေတော့မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ဆိုလာတာပါ။

အင်္ဂလန် ထိပ်သီး မန်စီးတီးအသင်းဟာ အက်စတန်ဗီလာအသင်းက အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် ဂရီလစ်ရှ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။



ဒါ့အပြင် စပါးအသင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကိုပါ ဆက်လက် ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတယ်လို့ သတင်း တွေထွက်ပေါ်နေပါတယ်။

“ကိန်းကို စိတ်ဝင်စားခဲ့တာ မှန်ပေမယ့် စပါးဖက်က တစ်စုံတရာ စကားမပြောချင်တဲ့အတွက် ဘာမှ ဆက်ဖြစ်ဖို့ မရှိပါဘူး။သူတို့ဖက်က စိတ်ဝင်စားရင်တော့ ဆက်လက် ဖော်ဆောင်ပါမယ်။”လို့ ဂွါဒီယိုလာက ပြောလာပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိန်းဟာ စပါးအတွက် ၂၂၁ဂိုးအထိသွင်းပေးထားနိုင်ပြီး ရွှေဖိနပ်ဆုကို လည်း ၃ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်သူပါ။

ယခု ရက်သတ္တပတ်မှာလည်း စပါးအသင်းက စတင်နေတဲ့‌ လေ့ကျင့်ရေးအစီအစဥ်တွေကို လာရောက်ပူးပေါင်းခြင်း မရှိသေးတဲ့အပေါ်မှာတော့ မီဒီယာက မန်စီးတီးကြောင့်လို့ ယူဆဖော်ပြနေကြပါတယ်။

တဆက်တည်းမှာပဲ မန်စီးတီးဟာ ကမ္ဘာကျော် မက်ဆီကိုလည်း ခေါ်ယူနိုင်ရေး အပြင်းအထန် ကြိုးပမ်းနေတယ်လို့ သတင်းကြီးထားပါတယ်။

ဒီလိုအချိန်မှာ မက်ဆီက အသင်းမရှိပဲ အလွတ်ခေါ်ယူခွင့်ရမယ့် အနေအထားမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပေါ်မှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အခုလို တုံ့ပြန်ပြောလာပါတယ်။

“ကျွန်တော်အပါအဝင် အားလုံးအတွက် အံ့အားသင့်ဖွယ်ရာ ဖြစ်မှာပါ၊တစ်နှစ်ကို ယူရို ၄၈၇သန်းလောက် ဆုံးရှုံး နေရပြီ ဆိုရင်တော့ ဒီလို ဆုံးဖြတ်ချက်မျိုးကို စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှာပါပဲ။ပရိသတ် တစ်ယေက် အနေနဲ့ဆိုရင် သူ့ကို အဲ့ဒီမှာ ဆက်ရှိနေစေချင်ပါတယ်။ဒါပေမယ့် ဒါက ရေရှည် ဘယ်ဖြစ်နိုင်ပါ့မလဲ။ အခုချိန်မှာတော့ ကျွန်တော်တို့က ဂရီလစ်ရှ်ကို ပေါင်သန်း၁၀၀နဲ့ ခေါ်ထားပါပြီ။ဒါကလည်း လီယွန် အသင်းမှာ ဆက်နေမယ်လို့ ထင်ခဲ့လို့ပါ။အခုတော့ သူက အလွတ်ဖြစ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ နံပါတ် ၁၀က ရနှင့် ပြီးပါပြီ။ သူ့ကို အတွေးထဲမှာ မရှိတော့ပါဘူး။”လို့ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ အက်စတန်ဗီလာ ကွင်းလယ်လူ ဂရီလစ်ရှ်ကို ကျောနံပါတ် ၁၀ ပေးအပ် ဝတ်ဆင်စေခဲ့တာပဲ ဖြစ်ပါတယ်။



က္က