ပထမအဆင့်ပွဲစဉ်တွေ ကစားခဲ့ကြတာပါ။

ဘွန်ဒက်လီဂါ (၃) က အသင်းငယ်လေး ဝီဟန်နဲ့ ဒေါ့မွန်က ကစားခဲ့ရတာဖြစ်ပြီး ၃-၀ နဲ့ အနိုင်ရရှိခဲ့ကာ ဂိုးအားလုံးကို ဟာလန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။


ဒေါ့မွန်အသင်းတိုက်စစ်မှူးဟာလန်းဟာ ဘွန်ဒက်လီဂါဘောလုံးရာသီသစ် စတင်ခြင်းမတိုင်ခင် ကျင်းပခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားပထမအဆင့်ပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ အသက် ၂၀ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေခဲ့ပေမယ့် ဒေါ့မွန်မှာပဲ ဆက်လက်ရှိနေခဲ့ကာ သူ့ရဲ့ဂိုးသွင်းခြေစွမ်းတွေကို ပြသနေတာလည်းဖြစ်ပါတယ်။

ဘွန်ဒက်လီဂါ (၃) က အသင်းငယ်လေး ဝီဟန်နဲ့ ဒေါ့မွန်က ကစားခဲ့ရတာဖြစ်ပြီး ၃-၀ နဲ့ အနိုင်ရရှိခဲ့ကာ ဂိုးအားလုံးကို ဟာလန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ပွဲကစားချိန် ၂၆ မိနစ်၊ ၃၁ မိနစ် နဲ့ ၅၁ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အမှတ်ပေးပွဲတွေမစတင်ခင်ဘဲ ဟာလန်းက သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်တွေကို သတိပေးသွားခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဒေ့ါမွန်အတွက် ပြိုင်ပွဲစုံသွင်း၈ိုး ၄၁ ဂိုးအထိ ရရှိခဲ့တဲ့ ဟာလန်းဟာ လာမယ့်ရာသီအတွက် သူ အသင့်ဖြစ်နေပြီဆိုတာကို ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ့မွန်ရဲ့ ပင်တိုင်ဂိုးသွင်းရှင်ဖြစ်ကာ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးကို အခြိမ်းခြောက်နိုင်ဆုံးပြိုင်ဘက်ကစားသမားအဖြစ် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာလန်းက ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဆန်ချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းထုတ်ခဲ့တဲ့ ဒေါ့မွန်ဟာ ဝီဟန်နဲ့ပွဲမှာတော့ ဟာလန်း၊ တစ်ဂက်စ်နဲ့ မာကိုရူးစ်တို့ကို တိုက်စစ်ပိုင်းမှာ ပွဲထွက်စေခဲ့ပြီး ရေနာ၊ ဘီလင်ဟမ်တို့လို လူငယ်ကြယ်ပွင့်တွေကိုလည်း နေရာပေးခဲ့တာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းခဲ့သလို ဟာလန်းလည်း ဂိုးသွင်းခြေမတွေ့ခဲေ့ပမယ့် ပိုကယ်ဖလားမှာ ခြေစွမ်းပြခဲ့မှုက ဒေါ့မွန်အတွက်တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။ 



က္က