ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

မက်ဆီ အသင်းကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီးနောက်မှာ နူးကမ့်ကွင်းအပြင်ဘက်မှာ လာရောက်ငိုကြွေးနေတဲ့ ပရိသတ်တွေ၊ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေဟာ နေ့တိုင်းရှိနေခဲ့ပါတယ်။


ဒီနေ့မှာတော့ ဘာစီလိုနာကနေ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင်မက်ဆီဟာ သူ့ရဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အားလုံးရှေ့မှာ ရှိုက်ကြီးတငင်ငိုကြွေးသွားခဲ့ပါတယ်။ အသက် ၁၃ နှစ်ကတည်းက သူရောက်ရှိခဲ့ နေရာတစ်ခုကို နှစ်ပေါင်း ၂၁နှစ်ကြာအပြီးမှာ မက်ဆီက စွန့်ခွာရတော့မှာဖြစ်ပြီး နှုတ်ဆက်စကားတွေပြောဆိုနေချိန်မှာ အာဂျင်တီးနားကစားသမားဟာ စိတ်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့တာဖြစ်ပါတယ်။ 

စာချုပ်အနေအထားပြောင်းလဲသွားမှုတွေအကြောင်း၊ အသင်းကနေ ထွက်ခွာရတဲ့ သူ့ရဲ့ခံစားချက်တွေကို မက်ဆီက ပြောဆိုခဲ့ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်ကိစ္စ သဘောတူညီမှုရရှိပြီဆိုတာ မဟုတ်ဘူးလို့လည်း ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေပြုလုပ်နေတာတော့ အမှန်ပဲလို့ မက်ဆီက ဝန်ခံခဲ့ပြီး ESPN ကတော့ မက်ဆီဟာ ဒီနေ့မှာ ပဲရစ်ကို သွားမှာဖြစ်ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်မယ်လို့ သိရပါတယ်။ 


မက်ဆီက "ပီအက်စ်ဂျီက ဖြစ်နိုင်တဲ့ တစ်ခုပါ၊ လက်ရှိမှာတော့ ဘယ်လိုနိးစပ်မှုမျိုးမှမရှိသေးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အများကြိးဆွေးနွေးခဲ့ကြပါတယ်၊ ဘာစီလိုနာက သတင်းထုတ်ပြန်ပြီးနောက်မှာ အသင်းအများအပြားက စိတ်ဝင်စားမှုတွေ ပြသခဲ့ပါတယ်၊ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးမှုတွေတော့ ပြုလုပ်ခဲ့ပေမယ့် အပြီးသတ်တာ ဘာမှမရှိသေးပါဘူး" လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။ 

ဒီသတင်းစာရှင်းလင်းပွဲကတော့ မက်ဆီရဲ့ ပရိသတ်တွေကိုပါ ကြေကွဲစေခဲ့ပါတယ်။ မက်ဆီ အသင်းကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီးနောက်မှာ နူးကမ့်ကွင်းအပြင်ဘက်မှာ လာရောက်ငိုကြွေးနေတဲ့ ပရိသတ်တွေ၊ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေဟာ နေ့တိုင်းရှိနေခဲ့ပါတယ်။ မက်ဆီကိုချစ်တဲ့သူတွေ၊ မက်ဆီကလည်း ချစ်တဲ့သူတွေ၊ ဘာစီလိုနာနဲ့ ပတ်သက်တဲ့သူတိုင်း အထူးဝမ်းနည်းကြေကွဲရတဲ့ နေ့လည်းဖြစ်ခဲ့ရပါတယ်။ 



က္က