ဂျိုအမ်ဂမ်ပါဖလားပွဲအဖြစ် ကစားခဲ့တာပါ။

ရော်နယ်ဒိုပွဲထွက်ပါဝင်လာခဲ့ပြီး နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ ပါဝင်ခဲ့ကြလို့ ဒီပွဲက ခြေစမ်းပွဲတစ်ပွဲထက် ပိုတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။ 


မက်ဆီအသင်းနဲ့လမ်းခွဲမယ်လို့ နှစ်ဦးနှစ်ဖက်အတည်ပြုပြီး သတင်းစာရှင်းလင်းပွဲတွေပြုလုပ်အပြီး ကစားခဲ့တဲ့ ရာသီကြိုဂျိုအမ်ဂမ်ပါဖလားပွဲမှာတော့ ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရော်နယ်ဒိုပွဲထွက်ပါဝင်လာခဲ့ပြီး နှစ်သင်းစလုံးမှာ အဓိကကစားသမားတွေ ပါဝင်ခဲ့ကြလို့ ဒီပွဲက ခြေစမ်းပွဲတစ်ပွဲထက် ပိုတဲ့အနေအထားမှာ ရှိနေခဲ့ပါတယ်။ 

ရာသီကြိုပြင်ဆင်မှုအတွက် ခြေစမ်းခဲ့ကြတာဆိုပေမယ့် ရာသီသစ်စတင်ဖို့ နီးကပ်နေပြီဖြစ်လို့ လာမယ့်ရာသီမှာ မြင်တွေ့ရမယ့် ခြေစွမ်းတွေကို အနီးစပ်ဆုံးမြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဂျူဗီက ရော်နယ်ဒို နဲ့ မိုရာတာအတွဲကို တိုက်စစ်မှာထားခဲ့ပေမယ့်လည်း ဘာကာက ဒီပို်င်း၊ ဂရစ်မန်းတို့နဲ့ ပြန်ရင်ဆိုင်ခဲ့ပြီး ပွဲအစ ၃ မိနစ်မှာပဲ ဒီပိုင်းက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ 

ပထမပိုင်းတစ်ပိုင်းလုံး ဒီပိုင်းရဲ့ ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပို်င်းမှာ ဘရိတ်ဝေ့တ် နဲ့ ရီကွီတို့က နောက်ထပ်တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။ ဒုတိယပိုင်းစတာနဲ့ ဂျူဗီက တသင်းလုံးကို အလဲအလှယ်လုပ်ခဲ့ပြီး ဘာစီလိုနာကတော့ မိနစ်အလိုက် ကစားသမားလဲလှယ်မှုတွေပြုလုပ်ခဲ့ပြီး ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗီကတော့ ချေပဂိုးတစ်ဂိုးတောင် မရခဲ့ဘဲနဲ့ နူးကမ့်မှာ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။

ဒီပွဲကို မူလက မက်ဆီနဲ့ ရော်နယ်ဒို ထိပ်တိုက်တွေ့ဆုံမယ်လို့ ယူဆခဲ့ကြပေမယ့် အပြောင်းအလဲတွေကြောင့် ရော်နယ်ဒိုကိုသာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီပို်င်းကတော့ ဆက်တိုက်ခြေစွမ်းပြနေပြီး ရာသီကြိုခြေစမ်းပွဲ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ကာ မက်ဆီမရှိတော့မယ့် ဘာစီလိုနာအတွက် သွင်းဂိုးတွေ ရယူပေးနိုင်မယ့် သူအဖြစ် မျှော်လင့်လို့ရနေပြီဖြစ်ပါတယ်။




က္က