ရွှေတစ်ခုအသာနဲ့ နိုင်ငံအလိုက်ပထမနေရာရသွားခဲ့ပါတယ်။

ပြိုင်ပွဲနောက်ဆုံးနေ့အထိ အမေရိကန်ဟာ အဓိကပြိုင်ဘက်တရုတ်ရဲ့နောက်မှာသာ ရှိနေခဲ့ပြီး နောက်ဆုံးရက်မှာ ရွှေတံဆိပ် ၃ ခုအထိ ရရှိခဲ့လို့သာ တစ်ခုအသာနဲ့ တရုတ်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်က ထုံးစံအတိုင်း ဆုတံဆိပ်အများဆုံးရကာ ပထမနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲနောက်ဆုံးနေ့အထိ အမေရိကန်ဟာ အဓိကပြိုင်ဘက်တရုတ်ရဲ့နောက်မှာသာ ရှိနေခဲ့ပြီး နောက်ဆုံးရက်မှာ ရွှေတံဆိပ် ၃ ခုအထိ ရရှိခဲ့လို့သာ တစ်ခုအသာနဲ့ တရုတ်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

နောက်ဆုံးရက်ပြိုင်ပွဲတွေမှာတော့ အမေရိကန်အတွက် အမျိုးသမီးဘတ်စကတ်ဘောအသင်းက ရွှေတံဆိပ်ရယူပေးခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ၇ ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့တာဖြစ်ပြီး သူတို့ရဲ့လွှမ်းမိုးနိုင်မှုကို ထပ်မံပြီး ထိန်းသိမ်းထားနို်င်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Women's omnium ပြိုင်ပွဲကနေ Jennifer Valente က နောက်ထပ်ရွှေရခဲ့လို့ တရုတ်နဲ့ ရွှေအရေတွက်ချင်း တူညီသွားခဲ့ပါတယ်။ 

ဒီအချိန်မှာ ပိုပြီးအကြိတ်အနယ်ရှိလာခဲ့ကာ အမေရိကန်အမျိုးသမီးဘော်လီဘောအသင်းဟာ ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကို အနိုင်ယူခဲ့လို့ တရုတ်ထက် ရွှေတစ်ခုအသာစီးရရှိသွားခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်က အမျိုးသမီးမစ်ဒယ်ဝိတ်တန်းဘောက်ဆင်ဗိုလ်လုပွဲအဖြစ် ဗြိတိန်က Lauren Price နဲ့ ရင်ဆိုင်ခဲ့ရပြီး တရုတ်ဘောက်ဆင်မယ် Li Qian အရေးနိမ့်သွားခဲ့လို့ အမေရိကန်နဲ့ ရွှေတံဆိပ်ချင်းတူညီမယ့် အခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ 

ပြိုင်ပွဲအားလုံးအပြီးမှာတော့ အမေရိကန်က ရွှေ ၃၉ ခု နဲ့ ထိပ်ဆုံးမှာရှိခဲ့ကာ အရေအတွက်စုစုပေါင်းမှာလည်း ၁၁၃ ခုနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်ကတော့ ရွှေ ၃၈ ခု၊ စုစုပေါင်းအရေအတွက် ၈၈ ခုရှိခဲ့ပြီး တတိယနေရာမှာ အိမ်ရှင်ဂျပန်က ရွှေ ၂၇ ခု၊ ဗြိတိန်က ရွှေ ၂၂ ခုနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံအလိုက်မှာ အမေရိကန်တို့ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ 



က္က