မက်ဆီနဲ့လည်း တွဲမဆော့၊ ဒဏ်ရာကလည်းရနဲ့ အဂူရို ကံဆိုးနေပါပြီ။

အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နူးကမ့်မှာ မက်ဆီနဲ့တွဲဖက်ကစားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ့ စပိန်ကို ပြန်ခြေချခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ် ဆာဂျီယိုအဂူရိုဟာ ခြေသလုံးဒဏ်ရာကြောင့် ၁၀ ပတ်ခန့် အနားယူရတော့မယ်လို့ သိရပါတယ်။ ဒီရာသီကမှ ဘာစီလိုနာကို မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ အဂူရိုဟာ အသင်းအတွက် ကစားပေးရခြင်းမရှိသေးခင်မှာပဲ ၂ လခွဲကြာအနားယူရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်ဦးနှစ်ဖက်အတွက် စိတ်ပျက်စရာသတင်းဖြစ်ခဲ့ရပါတယ်။ 

အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နူးကမ့်မှာ မက်ဆီနဲ့တွဲဖက်ကစားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေတပွေ့တပိုက်နဲ့ စပိန်ကို ပြန်ခြေချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဆီက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ပြီး ထွက်ခွာသွားခဲ့ပြီဖြစ်လို့ အဂူရိုတစ်ယောက် မှန်းချက်နဲ့နှမ်းထွက်မကိုက်ချိန်မှာပဲ ဒဏ်ရာပြသနာကပါ ဒုက္ခပေးနေပြီဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးနိုင်ငံခြားသားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အဂူရိုဟာ မနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ ဂျိုအမ်ဂမ်ပါဖလားပွဲကို ဝင်ရောက်ကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒဏ်ရာကြောင့် ပါဝင်ခွင့်ဆုံးရှုံးခဲ့ပါတယ်။ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေ အပြီးမှာတော့ ၁၀ ပတ်ကြာ အနားယူရမယ်လို့ အတည်ပြုနိုင်ခဲ့ပြီး လာမယ့်ရာသီအစပွဲတွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးပွဲအဖြစ်နဲ့ အဂူရိုက ပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်ထိ ဘောလုံးကွင်းတွေနဲ့ ဝေးကွာနေသူဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းအတွက်တော့ သူ့ရဲ့တိုက်စစ်မှူးသစ်ကို အသုံးပြုခွင့်ရမှာမဟုတ်သေးဘဲ ဒီပို်င်း၊ ဂရစ်မန်း၊ ဘရိတ်ဝေ့တ်၊ အန်ဆူဖာတီတို့ကိုသာ အသုံးပြုနေရဦးမှာဖြစ်ပါတယ်။ အဂူရိုဟာလည်း ဘာကာကစားသမားဘဝ ပထမဆုံးပွဲကို ကစားခွင့်ရဖို့ အတန်ကြာစောင့်ဆိိုင်းရတော့မှာပါ။ 




က္က