ဟာလန်းက ချဲလ်ဆီးရဲ့ ပထမဆုံး ဦးစားပေး ပစ်မှတ်ပါ။

တကယ်တော့ ချဲလ်ဆီးအသင်းဟာ လူကာကူထက် အရင် ဟာလန်းကို ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့် ဒေါ့မွန်က ရောင်းဖို့ အစီအစဥ်မရှိလို့ မျှားဦးက လူကာကူထံ လှည့်သွားရတာပါ။

ဒီရက်ပိုင်း အင်တာမီလန် တိုက်စစ်မှူး လူကာကူဟာ အသင်းဟောင်း ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလု ဆဲဆဲ ဖြစ်နေပါပြီ။



ဒီအပေါ်မှာတော့ မိမိအနေနဲ့ ဒေါ့မွန်အသင်းမှာ ကစားနေရခြင်းအပေါ် ဂုဏ်ယူမိတယ်လို့ နော်ဝေး တိုက်စစ်မှူး ဟာလန်းက ထုတ်ဖော်ပြောလာပါတယ်။

အကြောင်းကတော့ ဟာလန်းဟာ ချဲလ်ဆီးအသင်းရဲ့ ပထမ ဦးစားပေး ပစ်မှတ်ထား ခေါ်ယူခြင်းကို ခံခဲ့ရသူပါ။

ဒါပေမယ့်လည်း ဟာလန်းရဲ့ ဒေါ့မွန်အသင်းက သူတို့ တိုက်စစ်မှူးကို အခြားသူ လက်ထဲ အပါမခံသေးပဲ အသင်းမှာသာ ဆက်ရှိနေစေလို့ ဟာလန်း အသင်းပြောင်းရွှေ့နိုင်ရေး မဖြစ်မြောက်ခဲ့ပါဘူး။

ဒါကြောင့် ဟာလန်းကို ရဖို့ ဒီရာသီမှာ မဖြစ်နိုင်တော့တာ သိလိုက်တဲ့ ချဲလ်ဆီးဟာ အခြား တိုက်စစ်မှူး ဖြစ်တဲ့ လူကာကူဖက်ကို ရောက်သွားရတာပါ။

“ဒေါ့မွန်အသင်းမှာ ရှိနေရပြီး ဂိုးတွေသွင်းနေရတာကို ဂုဏ်ယူမိပါတယ်။”လို့ ဟာလန်းက ဝီဟန်အသင်းကို အနိုင်ရ ခဲ့တဲ့ ပိုကယ်ဖလား ပထမအဆင့် ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ့မွန်အသင်း နည်းပြကလည်း ဟာလန်းဟာ ဒီရာသီ အပြောင်း အရွှေ့ စျေးကွက်မှာ ရောင်းကုန် တစ်ခု မဟုတ်သေးဘူးလို့ အတိအလင်းပြောထားတာလည်း ရှိပါတယ်။

ဟာလန်းအနေနဲ့ကတော့စိန်ခေါ်မှု အသစ်တွေကို လိုချင်နေတဲ့အတွက် အသင်းမှ ထွက်ခွာဖို့ ဆန္ဒ ရှိနေတယ်လို့ လည်း ဖော်ပြမှုတွေ ရှိနေပြီး ယခုအခါ လူကာကူက သူ့ကို လိုချင်နေတဲ့အသင်းကိုသူ့ကိုယ်စား ရောက်ရှိ သွားတဲ့ အပေါ်မှာ အားမလို အားမရ ဖြစ်မှုတွေလည်း ရှိနေနိုင်ပါတယ်။

အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ အတွေ့အကြုံကောင်းတွေ ဆက်လက် ရှာဖွေဖို့ အချိန်ကောင်းတွေကို ပိုင်ဆိုင်ထားသလို အောင်မြင်မှုတွေလည်း ရရှိနိုင်ဖို့ အခွင့်အလမ်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က