မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ တရားဝင် ရောက်ရှိသွားပါပြီ။

အစောပိုင်းတုန်းက ပီအက်စ်ဂျီလာကစားပါက လက်ရှိ မိမိဝတ်ဆင်ကစားနေတဲ့ နံပါတ် ၁၀ကို လွှဲပေးပါ့မယ်ဆိုပြီး နေမာက မက်ဆီကို မက်လုံးပေး ခေါ်ထားတာ ရှိပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားကြီး မက်ဆီဟာ နှစ်ပေါင်းများစွာ ကစားလာတဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ရပြီး နောက် ပရော်ဖက်ရှင်နယ်တို့ ထုံးစံအတိုင်း အသင်းသစ်ကို ရှာဖွေခဲ့ရပါပြီ။



ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာ တာနဲ့အညီ ယခင်က ကစားဖော်ဟောင်းဖြစ်သူ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ လုပ်ဆောင်ချက်ကလည်း ပီအက်စ် ဂျီကို မက်ဆီ တကယ်ရောက်ပြီလို့ ယုံကြည်နိုင်စရာပါ။

မက်ဆီဟာ ယနေ့မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ တရားဝင် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်လို့ ယခုဆိုရင် ပီအက်စ်ဂျီ အ သင်းရဲ့ကစားသမားသစ်တစ်ဦးလည်း ဖြစ်လာခဲ့ပါပြီ။

ဒီကြားထဲမှာတော့ နေမာက “Back Together”ဆိုတဲ့ စာကြောင်းနှင့်အတူ နှစ်ဦးသား ဂိုးသွင်းအပြီး အောင်ပွဲ ခံခဲ့ဖူးကြတဲ့ ပုံလေးကို အင်စတာဂရမ်မှာ တင်လာပါတယ်။

ဒီသတင်းထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ယခင် မက်ဆီအနေနဲ့ အသင်းမပြောင်းရသေးခင်က ပီအက်စ်ဂျီကို လာဖို့နဲ့ လာဖြစ်ခဲ့ပါက မိမိ ဝတ်ဆင်ကစားနေတဲ့ ကျောနံပါတ် ၁၀ ဂျာစီကိုလည်း လွှဲပြောင်း ပေးအပ်ပါ့မယ်ဆိုပြီး နေမာက မက်ဆီကို ခေါ်ထားဖူးပါတယ်။


မက်ဆီနဲ့ နေမာဟာ နိုင်ငံနှင့် ကလပ်အသင်းကိုယ်စီမှာ နံပါတ် ၁၀ ဂျာစီတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင် ကစားနေသူ နှစ်ဦး ဖြစ်ပါတယ်။

ဒီအပေါ်မှာ နေမာရဲ့ မက်ဆီအပေါ် လေးစားမှုဟာ သိသာထင်ရှားလှပြီး သူ့ရဲ့ မူပိုင်လို့ ပြောလို့ရတဲ့ နံပါတ် တစ်ခုကို အတူကစားချင်တဲ့ ဆန္ဒ တစ်ခုတည်းနဲ့ လွှဲပြောင်းပေးအပ်မယ့် အနေအထားဟာလည်း လေးစားဖွယ်ပါ။

ပရော်ဖက်ရှင်နယ် လောကမှာတော့ ဒီလို အလေ့အထတွေဟာ မကြာခဏ တွေ့မြင်ရလေ့ရှိတဲ့ တစ်ဦး အပေါ် တစ်ဦး အလေးပေးမှု ပုံစံတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကစားသမားရဲ့ ဆန္ဒအလျောက် ဘောလုံး ဈေးကွက်အနေအထားတွေနဲ့ ကလပ်အသင်းဖက် ကလည်း ဘယ်သူက ဘယ်လိုပုံစံမျိုးဆိုတာ ညှိနှိုင်း ဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်။

ဒါကြောင့် နေမာရဲ့ လေးစားမှု ပေးတဲ့ အနေနဲ့ မက်ဆီကို ကျောနံပါတ် ၁၀ ပေးမလား၊မက်ဆီကရော နေမာ ပေးတဲ့ လေးစားမှုကို အပြန်အလှန် လေးစားမှုနဲ့ လက်ခံမလား၊ကလပ်အသင်းနဲ့ ပရိသတ်တွေကြားက ဈေး ကွက်အနေအထားကရော ဘယ်လို ရှိမလဲ စတဲ့ စိတ်ဝင်စားဖွယ်ရာ အနေအထားတွေကို ဆက်လက် စောင့် ကြည့်ရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က