မက်ဆီကတော့ ပီအက်စ်ဂျီအသင်းကို ပြောင်းသွားပါပြီ။

မက်ဆီ ထွက်ခွာသွားလို့ အသင်းရဲ့ အဝတ်လဲခန်းအတွင်း ကျိုးပျက်မှုအချို့ ရှိနေခဲ့တယ်လို့ ဝါရင့် နောက်ခံလူ ပီကေးက ထောက်ပြလာပါတယ်။

အသင်းက ထွက်ခွာသွားတဲ့ အဓိက ကစားသမား မက်ဆီနေရာမှာ တိုက်စစ်မှူး ဂရုဇ်မန်းက အစားထိုး ဖြည့်စွက် ကစားပေးသွားလိမ့်မယ်လို့ နည်းပြ ကိုးလ်မန်းက ထုတ်ဖော်ပြောလာပါတယ်။



အသ်က ၃၄နှစ်အရွယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းဖက်ကလည်း တရားဝင် ကြေညာခဲ့ပါပြီ။

ဘာစီလိုနာအနေနဲ့ အသစ်ခေါ်ယူထားတဲ့ မက်ဆီရဲ့ နိုင်ငံအသင်း ကစားဖော် အဂူရိုကလည်း နှစ်ပတ်လောက် အသင်းနဲ့ လွဲချော်ဖို့ ရှိနေပါတယ်။

မက်ဆီ ထွက်ခွာသွားမှုနဲ့ ပတ်သက်ပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ကျိုးပျက်မှုတွေ ရှိနေတယ်လို့ ဝါရင့် နောက်ခံလူ ပီ‌ကေးက သုံးသပ်ထားပေမယ့် ဒီအခြေအနေဟာ အသင်းကို အသစ်တစ်ဖန် ပြန်လည်တည် ဆောက်ဖို့ အခွင့်အရေးဖြစ်ပြီး ဂရုဇ်မန်းက မက်ဆီရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါလို့လည်း ဆိုပါ တယ်။

“ရာသီသစ်အတွက် ကျွန်တော်တို့ အရမ်း ရင်ခုန်နေပါတယ်။မက်ဆီရဲ့ နှုတ်ဆက်မှုကလည်း ထိရှစေပါတယ်။ ကျန်တဲ့ ကစားသမားတွေရယ်၊လူငယ်တွေရယ်၊အသစ်တွေရယ် ပေါင်းပြီး အသင်းကို အသစ်တည်ဆောက် ထားပါတယ်။”လို့ ကိုးလ်မန်းက ဆိုပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို ဘဏ္ဍာရေး အခြေအနေကြောင့်သာ ဆက်လက် ထိန်းသိမ်းဖို့ ခက်ခဲခဲ့တာ ဖြစ်ပြီး မက်ဆီကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေချင်လျက်နဲ့ နေဖို့ အခွင့်မသာခဲ့တာ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ ဘာစီလိုနာမှာ မက်ဆီနေရာ အစားထိုးမယ့် ကစားသမားက အမှန်တကယ်ပဲ ဂရုဇ်မန်း လား၊အခြားတစ်ယောက်လား၊ဒါမှမဟုတ် မရှိဘူးလား စတဲ့ မေးခွန်းတွေကတော့ ရာသီသစ်နှင့်အတူ ပေါ်လာမှာ ပါ။



က္က