၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီမှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး သူနဲ့အတူအမြဲတမ်းယှဉ်တွဲနေတဲ့ ကျောနံပါတ် ၁ဝကို ဝတ်ဆင်ကစားတာ မြင်တွေ့ရမှာတော့မဟုတ်ပါဘူး။


ဘာစီလိုနာနဲ့လမ်းခွဲခဲ့ပြီးဖြစ်တဲ့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိပြီး တစ်နှစ်လုပ်ခ ယူရို ၃၅ သန်းအထိ ရရှိမယ်လို့လည်း သိရပါတယ်။ မနေ့ကပဲ မက်ဆီဟာ ပဲရစ်ကိုရောက်ရှိခဲ့ပြီး ဆေးစစ်မှုတွေပြုလုပ်အောင်မြင်ခဲ့ကာ တဆက်တည်းမှာပဲ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီမှာ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး သူနဲ့အတူအမြဲတမ်းယှဉ်တွဲနေတဲ့ ကျောနံပါတ် ၁ဝကို ဝတ်ဆင်ကစားတာ မြင်တွေ့ရမှာတော့မဟုတ်ပါဘူး။ အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီရဲ့ လူစာရင်းဟာ ဥရောပမှာအတောင့်တင်းဆုံးဖြစ်လာခဲ့ပြီး ဒီနွေရာသီစျေးကွက်မှာ အပြောင်းအရွှေ့ကို အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အသင်းဖြစ်လာခဲ့ပါတယ်။ 

"ပဲရစ်မှာ ကျွန်တော့်ကစားသမားဘဝရဲ့ နောက်ထပ်စွန့်စားခန်းအသစ်ကိုစတင်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး၊ ဒီအသင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော့်ရည်မှန်းချက်တွေက ကိုက်ညီမှုရှိပြီး ဒီမှာ ဘယ်လောက်ထိထူးချွန်တဲ့ ကစားသမားတွေ၊ နည်းပြတွေရှိလဲဆိုတာကို ကျွန်တော်သိပါတယ်၊ အသင်းအတွက် သူတို့နဲ့အတူပူးပေါင်းပြီး ကျွန်တော်တည်ဆောက်ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်"

"အသင်းပရိသတ်တွေနဲ့ ကလပ်အသင်းအတွက်လည်း ထူးထူးခြားခြားတွေလုပ်ပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ Parc des Princes ကွင်းကြီးထဲကို ကျွန်တော်ခြေချဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီကလည်း "မက်ဆီက ပီအက်စ်ဂျီကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်၊ ပဲရစ်ကနေ သူ့ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်"

"သူက အမြင့်ဆုံးအဆင့်မှာ ဆုဖလားတွေဆွတ်ခူးချင်တဲ့ သူ့ဆန္ဒကို မဖုံးကွယ်ထားခဲ့ပါဘူး၊ ကမ္ဘာတဝှမ်းလုံးက ကျွန်တော်တို့ပရိသတ်တွေအားလုံးအတွက် သမိုင်းတစ်ခုကို ဖန်တီးပေးဖို့ ကျွန်တော်တို့ ရှေ့ဆက်သွားမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ လက်မှတ်ထိုးကြေးအဖြစ် ယူရို ၂၅ သန်းအထိလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 



က္က