မက်ဆီရဲ့ ပုံရိပ်ကြီးမားမှုအကျိုးကျေးဇူးကို ပီအက်စ်ဂျီတို့ စတင်ခံစားနေရပြီဖြစ်ပါတယ်။

ဂျာစီတစ်ထည်ကို ၉၂ ပေါင်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အရေအတွက်ဘယ်လောက်အထိ ရောင်းချခဲ့လဲဆိုတာကို မသိရပေမယ့်လည်း ထုတ်လုပ်ထားပြီးသမျှ အားလုံးကုန်စင်အောင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မက်ဆီက ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ မနေ့ကပဲ ပဲရစ်ကို မက်ဆီက မိသားစုနဲ့အတူ ရောက်ရှိခဲ့ပြီး သူရောက်ရှိလာမယ့်အချိန်ကို ပီအက်စ်ဂျီပရိသတ်အများအပြားက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ မက်ဆီကလည်း ပရိသတ်တွေကို ပြန်လည်နှုတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး ခေတ်သစ်တစ်ခုကို စတင်ခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် ကစားသမားရောက်ရှိလာတဲ့အပေါ်မှာ ပီအက်စ်ဂျီပရိသတ်တွေဟာ ကျေနပ်ပျော်ရွှင်နေခဲ့ကြပါတယ်။ မက်ဆီက အသင်းနဲ့အတူ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပဲ လက်မှတ်ရေးထိုးမှုတွေပြုလုပ်ခဲ့ကာ အသင်းကစားသမားအဖြစ် တရားဝင်ကြေညာခဲ့ပြီး ကျောနံပါတ် ၃၀ ဂျာစီကို ဝတ်ဆင်ကစားသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ 

ဒီနောက်မှာတော့ မက်ဆီရဲ့ ဂျာစီအသစ်တေကိို ပီအက်စ်ဂျီအသင်းက ရောင်းချခဲ့ရာမှာတော့ မိနစ် ၂၀ အတွင်းမှာပဲ အကုန်အစင်ရောင်းချခဲ့ရတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ ဂျာစီတစ်ထည်ကို ၉၂ ပေါင်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အရေအတွက်ဘယ်လောက်အထိ ရောင်းချခဲ့လဲဆိုတာကို မသိရပေမယ့်လည်း ထုတ်လုပ်ထားပြီးသမျှ အားလုံးကုန်စင်အောင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပီအက်စ်ဂျီဟာ မက်ဆီကို တစ်နှစ်လုပ်ခပေါင် ၃၅ သန်းပေးချေရမှာဖြစ်ပြီး လက်မှတ်ထိုးကြေးအဖြစ် ယူရို ၂၅ သန်းအထိ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မက်ဆီရဲ့ ကျော်ကြားမှု၊ ပုံရိပ်မြင့်မားမှုတွေက သူတို့အတွက်လည်း အကျိုးရှိခဲ့ပြီး ကနဦးအစမှာတင် ဂျာစီတွေအချိန်တိုအတွင်း ကုန်စင်အောင်ရောင်းချနိုင်ခဲ့ကာ အကျိုးကျေးဇူးကို စတင်ခံစားနေခဲ့ရပြီလည်းဖြစ်ပါတယ်။ 



က္က