ထူးခြားတဲ့တိုက်ဆိုင်မှုပါပဲ။

လာမယ့်ရာသီမှာတော့ စပိန်လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ အသင်းခေါင်းဆောင်သစ်တွေကိုယ်စီနဲ့ ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က အသင်းခေါင်းဆောင်သစ်အဖြစ် နောက်ခံလူမာဆယ်လိုကို ခန့်အပ်ထားပြီး ဘာစီလိုနာကတော့ ကွင်းလယ်လူဆာဂျီယိုဘက်ကွက်စ်ကို ခန့်အပ်မယ်လို့ ယူဆရပါတယ်။ ဂျူဗီနဲ့ပွဲမှာ ဘက်ကွက်စ်က အဲဒီတာဝန်ကိုယူခဲ့တာပါ။ 

ရီးရဲလ်မက်ဒရစ်ဟာ သူတို့အသင်းမှာ ကာလရှည်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဆာဂျီယိုရာမို့စ်ကို အလွတ်ထွက်ခွာစေခဲ့တာဖြစ်ပြီး ဘာစီလိုနာကလည်း အလားတူပါပဲ။ ဒါပေမယ့် ပုံစံချင်းကတော့ အနည်းငယ်ကွဲပြားပါတယ်။ ရီးရဲလ်က ရာမို့စ်ကို စာချုပ်သစ်ကမ်းလှမ်းတယ်။ တစ်နှစ်စာချုပ်ပါ။ ရာမို့စ်က အနည်းဆုံး ၂ နှစ်မှချုပ်ဖို့တောင်းဆိုလို့ အဆင်မပြေခဲ့ပါဘူး။ ရာမို့စ်ဘက်က လက်ခံမယ်ဆိုတဲ့အချိန်မှာ အချိန်ကုန်သွားပြီလို့ ရီးရဲလ်က သစ်စိမ်းချိုးချိုးခဲ့ပြီး စပိန်သားကြီးဟာ ပီအက်စ်ဂျီကို အလွတ်နဲ့ရောက်သွားခဲ့ပါတယ်။

ဘာစီလိုနာကလည်း မက်ဆီနဲ့ ၅ နှစ်စာချုပ်ချုပ်ဖို့ ညှိနှိုင်းသဘောတူခဲ့ပြီးသားပါ။ အစစအရာရာအဆင်ပြေချောမွေ့ပြီးခါမှ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် စာချုပ်ချုပ်ဆိုမရခဲ့ပါဘူး။ လာလီဂါဘက်က ခွင့်မပြုဘူးလို့ ဆိုတာကြောင့် စာချုပ်မချုပ်နိုင်ခဲ့ဘဲ မက်ဆီတစ်ယောက်လည်း အသင်းကနေ မျှော်လင့်မထားတဲ့ အခြေအနေနဲ့ ထွက်ခွာခဲ့ရပါတယ်။ သူလည်း နောက်ဆုံးမှာတော့ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားခဲ့ပါပြီ။ လောလောလတ်လတ်ပဲ သူက ကစားသမားသစ်အဖြစ် ရှိလာခဲ့တာပါ။ 

ပီအက်စ်ဂျီအတွက်တော့ အယ်လ်ကလက်စီကိုအသင်းတွေရဲ့ အသင်းခေါင်းဆောင်နှစ်ဦးကို အပြောင်းအရွှေ့စျေးကွက်တစ်ခုတည်းအတွင်းမှာပဲ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်ဦးစလုံးအတွက် ပြောင်းရွှေ့ကြေးတပြားတချပ်မှမပေးခဲ့ရပါဘူး။ အရွယ်တော်တဆိတ်ဟိုင်းနေပြီလို့ ပြောလို့ရပေမယ့် ခြေစွမ်းအရတော့ ဒီကစားသမားတွေက ထိပ်တန်းအဆင့်မှာရှိနေဆဲပါ။ ခေါင်းဆောင်မှုအပိုင်း၊ အရှိန်အဝါတွေက ကြီးမားနေဆဲဖြစ်လို့ သူတို့အတွက်တော့ အဖိုးတန်တဲ့ ခေါ်ယူမှုတွေဖြစ်တယ်ဆိုတာ သေချာပါတယ်။ 

ဘာကာနဲ့ ရီးရဲလ်တို့က အသင်းခေါင်းဆောင်တွေကို တပြိုင်တည်းခေါ်ယူနိုင်တာကလည်း ဘောလုံးသမိုင်းမှာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ ဒီလိုဖြစ်လာဖို့လည်း အကြောင်းကြောင်းတွေရှိနေခဲ့ပြီး ဖြစ်ဖို့ဇာတာကိုက ဖန်လာခဲ့တယ်လို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နေမာ၊ ဒီမာရီယာ၊ အီကာဒီ၊ ဘတ်ပီ၊ ဗာရက်တီ၊ မာကွင်ဟို့စ်တို့လို နမည်ကျော်တွေရှိနေတဲ့ အသင်းမှာ ဒီကစားသမားတွေကို ပေါင်းစပ်နိုင်မှုက ပီအက်စ်ဂျီရဲ့ ဥရောပရွှေခေတ်အစဖြစ်လားမလားဆိုတာ....။ 



က္က