ဘာကာနဲ့ ၄ ကြိမ်အထိ ဆွတ်ခူးခဲ့တာပါ။

မက်ဆီ၊ နေမာ၊ ဘတ်ပီ၊ ရာမို့စ်၊ ဒီမာရီယာ၊ ၀ိုင်နယ်ဒမ်၊ ဒွန်နာရမ်မာ၊ မာကွင်ဟို့စ်၊ ပရီဒက်စ်အစရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ ရယူနိုင်မလားဆိုတာ စေင့်ကြည့်ရတော့မှာပါ။ 


ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ်မရယူနိုင်ခဲ့တာကို နောင်တအရဆုံးဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ မက်ဆီဟာ အသင်းသစ်ပီအက်စ်ဂျီင်္နဲ့အတူ အဆိုပါဆန္ဒကို ဖြည့်ဆည်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ မက်ဆီက ပြောဆိုခဲ့တာဖြစ်ပြီး နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ကစားရမှာကိုလည်း တကယ်ကောင်းမွန်တယ်လို့ ဆိုခဲ့ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ဖလားအများဆုံးရကစားသမားစာရင်းမှာ ရော်နယ်ဒိုရဲ့ အောက်မှာသာရှိနေခဲ့ပြီး မက်ဆီအတွက်တော့ ဒါက ခံပြင်းစရာဖြစ်နေသလို လက်ငါးချောင်းပြည့်ဖို့ တစ်ချောင်းတည်းသာ လိုအပ်ချိန်မှာလည်း ဆုဖလားနဲ့ တေ့လွဲတွေ လွဲချော်နေခဲ့ရတာဖြစ်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ မက်ဆီက "ဘာစီလိုနာကနေ ထွက်ခွာရတာ အရမ်းခက်ခဲခဲ့ပါတယ်၊ ဒါပေမယ့်လည်း ပီအက်စ်ဂျီလို ရည်မှန်းချက်ကြီးမားတဲ့အသင်းကို ကျွန်တော်ပြောင်းရွှေ့နိုင်ခဲ့လို့ ကျေနပ်မိပါတယ်၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်နဲ့ အိပ်မက်ကတော့ ချန်ပီယံလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ကိုင်မြှောက်နိုင်ဖို့ဖြစ်ပြီး ဒါတွေဖြစ်လာအောင်လည်း ကျွန်တော် အရာအားလုံးကို ပေးဆပ်သွားမှာပါ၊ ဒီဆုဖလားကို ရယူဖို့လည်း ပီအက်စ်ဂျီက ပြုလုပ်နေတယ်ထင်ပါတယ်"

"အသင်းလူစာရင်းနဲ့ နည်းပြတွေက လုပ်နိုင်စွမ်းကြီးမားပြီး အရာရာကို အောင်မြင်နိုင်ပါတယ်၊ ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာက တကယ်ကိုအံ့အားသင့်စရာအရာတစ်ခုပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ််ဂျီကတော့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲအဆင့်တွေနဲ့သာ ကျေနပ်နေခဲ့ရပြီး မက်ဆီ၊ နေမာ၊ ဘတ်ပီ၊ ရာမို့စ်၊ ဒီမာရီယာ၊ ၀ိုင်နယ်ဒမ်၊ ဒွန်နာရမ်မာ၊ မာကွင်ဟို့စ်၊ ပရီဒက်စ်အစရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ ရယူနိုင်မလားဆိုတာ စေင့်ကြည့်ရတော့မှာပါ။ 



က္က