ဘတ်ပေလိုချင်တဲ့ ပုံစံမျိုးကို ဖြည့်ဆည်းပေးခဲ့ပြီလို့ ဆိုလာပါတယ်။

ဘတ်ပေက ပြိုင်ပွဲဝင် စိတ်ဓာတ် ပြင်းထန်တဲ့ အသင်းကို လိုချင်နေတဲ့အတွက် အခုဆိုရင် ကမ္ဘာပေါ်မှာ ပြိုင်ပွဲဝင် စိတ်ဓာတ် ပြင်းထန်တဲ့ အသင်းကို ရနေပြီလို့ ပီအက်စ်ဂျီ ဥက္ကဌ နတ်ဆာက ဆိုလာတာပါ။

ဘာစီလိုနာအသင်းက ကမ္ဘာကျော် ဘောလုံးသမား မက်ဆီကို ခေါ်ယူနိုင်မှုအပြီးမှာတော့ ပီအက်စ်ဂျီအသင်း ဥက္ကဌ ဟာ ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်တဲ့ ကိုင်လီဘတ်ပေအပေါ် သတိပေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။



မက်ဆီကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်လို့ ယခုဆိုရင် ပီအက်စ်ဂျီရဲ့ တိုက်စစ်မှာ မက်ဆီ၊နေမာနဲ့ ဘတ်ပေဆိုပြီး MNM တိုက်စစ်အတွဲကို စတင် ပုံဖော်တော့မှာပါ။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ရာသီမစခင် ကစားသမားခေါ်ယူမှုတွေ အဖြစ် အေစီမီလန် ဂိုးသမား ဒိုနာရူမန်၊လီဗာပူး ကစားသမား ဝစ်ဂျ်နယ်ဒန်၊ရီးရဲ နောက်ခံလူ ရာမို့စ်နဲ့ ယခုအခါ ဘလွန်းဒီအော ၆ဆုရှင် မက်ဆီတို့ ဖြစ်ပါတယ်။

ဒီလိုမျိုး ကစားသမား ခေါ်ယူမှု ပြီးဆုံးချိန်မှာတော့ ပီအက်စ်ဂျီ ဥက္ကဌက သတင်းစာရှင်းလင်းပွဲမှာ စကားတစ်ခု ပြောလာပါတယ်။

အဲ့ဒါကတော့ အခု လူစာရင်းကြောင့် အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ကိုင်လီဘတ်ပေဟာ အသင်းရဲ့ အနာဂတ်မှာ ဆက်ရှိနေဖို့နဲ့ မည်သည့် အကြောင်းပြချက်နဲ့မှ အသင်းပြောင်းဖို့ လာမပြောပါနဲ့တော့လို့ ပုဂ္ဂုလ်ရေး ဆန်စွာ ပြော ဆိုခဲ့တာပါ။

“လူတိုင်း ဘတ်ပေရဲ့ အနာဂတ်ကို သိတာ သိပါတယ်၊ပြိုင်ပွဲတင်စိတ်ဓာတ်ပြင်းထန်ပြီး ဆုဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်နေသူပါ။ဒါကြောင့်လည်း အသင်းကို လူအင်အားတောင့်တင်းအောင် ခေါ်ဆောင်ပေးလိုက် ပါပြီ။အဲ့ဒီအတွက် ဘတ်ပေရဲ့ အနာဂတ်ဟာ ပီအက်စ်ဂျီမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။သူက ပြိုင်ပွဲဝင်စိတ် ဓာတ်ပြင်းထန်တဲ့အသင်းကို လိုချင်တယ်လို့ ပြောဖူးပါတယ်။၊အခု ရပြီလို့ ထင်ပါတယ်။ဒါကြောင့် ဘယ်လို အကြောင်းပြချက်မျိုးမှ လာမပေးပါနဲ့တော့။”လို့ ပီအက်စ်ဂျီ ဥက္ကဌက ဆိုလာတာပါ။

အသက် ၂၂နှစ်သာ ရှိသေးတဲ့ ပီအက်စ်ဂျီ ကစားသမားလေး ဘတ်ပေဟာ အသင်းအတွက် ပွဲပေါင်း ၁၇၂ပွဲအထိ ကစားပေးထားရာမှာ ၁၃၂ဂိုး သွင်းယူပေးထားနိုင်သူပါ။



က္က