ဗီလာရီးရဲကို အနိုင်ရပြီး ဥရောပ စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဇီယက်ဟာ အေဂျက်အသင်းထံကနေ ချဲလ်ဆီးအသင်းထံ ယူရို သန်း ၄၀နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ် ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမတိုင်ခင် ကစားခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာ ဗီလာရီးရဲအ သင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။



ချဲလ်ဆီးအသင်းအတွက်တော့ စူပါဖလားကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ နိုင်ပွဲဟာ အနည်းငယ် စိတ်ကသိကအောက်တော့ ဖြစ်စေခဲ့ပါတယ်။

ပုံမှန် ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲတွေဟာ ရာသီပြီးခါနီးတွေမှာ ကစားရလေ့ရှိပေမယ့် ယခု ကစားတဲ့ ဗိုလ်လုပွဲက တော့ မနှစ်က ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်က ချန်ပီယံနှစ်သင်း ဗိုလ်ပြန်လုတဲ့ပွဲဖြစ်လို့ ယခုနှစ်ရာသီ အစောဆုံး ကစားရတာပါ။

ဒါကြောင့် အခုပွဲမှာ အနိုင်ရပေမယ့် အသစ်ခေါ်ယူထားတဲ့ အဓိက ကစားသမား ဟာကင်ဇီယက် ပုခုံး ဒဏ်ရာရ သွားတာကတော့ နည်းပြ တူချယ်အတွက်စိတ်ပျက်စရာ ဖြစ်လာစေပါတယ်။

ဇီယက်ဟာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ ပုခုံးဒဏ်ရာရ သွားလို့ လူစားလဲခဲ့ရပါတယ်။

အဲ့နောက် ဒုတိယပိုင်း တစ်ပိုင်းလုံးကိုလည်း ပုခုံးသိုင်းနဲ့ သေချာ ကုသပေးထားရပြီး အသင်းဖော်တွေ ကစားတာကို အားပေးခဲ့ရသူပါ။

“ပထမပိုင်းမှာတင် အဓိက ကစားသမားတစ်ဦး အရေးပေါ် လူစားလဲလိုက်ရပြီ ဆိုရင် သင့်ကို တကယ်ပဲ စိုးရိမ်စိတ် ဖြစ်ပေါ်စေပါတယ်။လို့ နည်းပြ တူချယ်က ပြောခဲ့ပါတယ်။

ဇီယက်ရဲ့ ဒဏ်ရာ အသေးစိတ် သတင်းကိုတော့ ဖော်ပြပေးလာခြင်း မရှိသေးပဲ မကြာခင်မှာ အတိအကျ သိရဖွယ် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က