ဗီလာရီးရဲလ်နဲ့ စူပါဖလားပွဲမှာ လက်စွမ်းပြခဲ့တာပါ။

အချိန်ပိုဒုတိယပိုင်းပြီးခါနီး ၁၁၉ မိနစ်မှာ နည်းပြတူချယ်လ်က ဂိုးသမားမန်ဒီနေရာမှာ ကီပါကို အစားထိုးခဲ့လဲလှယ်ခဲ့ပြီး ပင်နယ်တီဖမ်းဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ 


ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာတော့ ချယ်လ်ဆီးဟာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ သာမာန်ပွဲကစားချိန်အတွင်းမှာရော၊ အချိန်ပိုမှာပါ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ချယ်လ်ဆီးအတွက် ကီပါက လက်စွမ်းပြခဲ့ပြီး ပင်နယ်တီနှစ်လုံးကာကွယ်ပေးကာ အသင်းကို ဖလားရရှိစေခဲ့ပါတယ်။ 

ချယ်လ်ဆီးအတွက် ဇီယက်က ဦးဆောင်ဂိုးကို ပထမပိုင်း ၂၇ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ဗီလာရီးရဲလ်တိုက်စစ်မှူးမိုရီနိုက ၇၃ မိနစ်မှာ ပြန်လည်ပြီးချေပသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ အချိန်ပိုထိ ထပ်မံကစားခဲ့ရပြီး အချိန်ပိုဒုတိယပိုင်းပြီးခါနီး ၁၁၉ မိနစ်မှာ နည်းပြတူချယ်လ်က ဂိုးသမားမန်ဒီနေရာမှာ ကီပါကို အစားထိုးခဲ့လဲလှယ်ခဲ့ပြီး ပင်နယ်တီဖမ်းဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ 

တူချယ်လ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ပြီး ကီပါက လက်စွမ်းပြကာ ချယ်လ်ဆီးတို့ ၆-၅ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တူချယ်လ်က ကီပါကို လူစားလဲလှယ်ခဲ့တာဟာ ရုတ်တရက်ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့်လို့ ဆိုပါတယ်။ ကီပါရဲ့ ပင်နယ်တီကာကွယ်မှုမှတ်တမ်းတွေကို လေ့လာထားပြီး အချက်အလက်တွေအရ ပင်နယ်တီကာကွယ်ပုံကောင်းမွန်တာကြောင့် ရှုံးထွက်ပွဲစဉ်တွေအတွက် ကြိုတင်စီမံထားမှုတွေလို့ ဆိုခဲ့ပါတယ်။ 

ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ ကီပါဟာ စူပါဖလားပွဲမှာပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် လာမယ့်ရာသီ ချယ်လ်ဆီးရဲ့ ဂိုးသမားနေရာပြိုင်ဆို်င်မှုက ပြင်းထန်လာတော့မှာပါ။ ရေဘဝဲကြီးလို့ နာမည်ကျော်ကြားနေတဲ့ မန်ဒီကလည်း ထူးရှယ်လက်စွမ်းတွေပြသပြီး အသင်းကို ရောက်ကတည်းက နံပါတ်တစ်ဂိုးသမားနေရာကို ရယူထားကာ အခုတော့ ကီပါရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 



က္က