ရာမို့စ်က ပြင်သစ်ကို အရင်ရောက်နေခဲ့တာပါ။

ပီအက်စ်ဂျီအသင်းကို သူ့နောက်မှ ရောက်ရှိလာခဲ့တဲ့ မက်ဆီကို နောက်ခံလူဆာဂျီယိုရာမို့စ်က သူ့အိမ်မှာ လာရောက်နေထိုင်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ရာမို့စ်ကတော့ ပြီးခဲ့တဲ့လတွေကတည်းက ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပဲရစ်မှာ အထိုင်ကျနေပြီဖြစ်ကာ မက်ဆီကတော့ မနေ့တနေ့ကမှ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် မက်ဆီအနေနဲ့ ပဲရစ်မှာ နေထိုင်ဖို့ နေအိမ်ကို ရှာဖွေနေဆဲဖြစ်ပြီး လက်ရှိမှာတော့ ဟိုတယ်မှာသာ နေထိုင်ရဖွယ်ရှိတယ်လို့လည်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ရာမို့စ်က ဒီအတွက်ကြောင့် သူ့အိမ်မှာ လာနေဖို့ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟိုတယ်ထက် နေအိမ်မှာသာ နေထိုင်ချင်ရင်တော့ သူနဲ့ လာနေဖို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

"မင်းနဲ့ မင်းမိသားစု က ဟိုတယ်မှာထက် အိမ်မှာနေရတာကိုပဲ ပိုနှစ်သက်တယ်ဆိုရင် ငါ့ဆီမှာ လာနေလို့ရတယ်" လို့ ရာမို့စ်က ပြောဆိုခဲ့ကြောင်း သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် မက်ဆီဘက်ကတော့ ဒါကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေဘက်ကတော့ ဘယ်လိုပြောဆိုမှုမှ ပြုလုပ်ထားတာမျိုးမရှိဘဲ သတင်းမီဒီယာတွေကသာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်တို့ဟာ ပီအက်စ်ဂျီကို တိုက်ဆိုင်စွာနဲ့ပဲ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးကိုယ်စီင်္နရှေ့ဆင့်နောက်ဆင့်ရောက်ရှိခဲ့ကြပြီး သူတို့နှစ်ဦးဟာ လာလီဂါမှာတော့ အပြင်းထန်ဆုံးပြိုင်ဘက်နှစ်သင်းမှာ ရှိနေခဲ့ကြကာ သူတို့ကြားမှာလည်း ပြိုင်ဆိုင်မှု ကြီးမားခဲ့ပါတယ်။ မက်ဆီရောက်ရှိလာခဲ့ပြီးနောက် ရာမို့စ်က သူ့ရဲ့တွစ်တာကနေ "မက်ဆီ ရောက်လာမယ် ထင်ကိုမထင်ထားဘူး" လို့ ရေးသားပြီး ကြိုဆိုခဲ့ပါသေးတယ်။ 



က္က