ဘာကာအသင်းဖော်ဟောင်းတွေဖြစ်ပါတယ်။

မက်ဆီကတော့ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ အံ့အားသင့်ဖွယ်ရာရောက်ရှိခဲ့ပြီး လာမယ့်ရာသီသစ်ကို လာလီဂါမဟုတ်တဲ့ အခြားလိဂ်တစ်ခုမှာ ပထမဆုံးအကြိမ်ကစားရတော့မှာလည်းဖြစ်ပါတယ်။


မက်ဆီနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း၊ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ မိုနာကိုကွင်းလယ်လူဖာဘရီဂတ်စ်ဟာ ပြင်သစ်လိဂ်ဟာ ထင်မှတ်ထားသလောက် မလွယ်ကူဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီကို မက်ဆီရောက်ရှိလာချိန်မှာ ဖာဘရီဂတ်စ်က ပြောဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းကို အခက်တွေ့စေမယ့် အကြောင်းအရာတွေ အများကြီးရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

မက်ဆီကတော့ ပီအက်စ်ဂျီကို ၂ နှစ်စာချုပ်နဲ့ အံ့အားသင့်ဖွယ်ရာရောက်ရှိခဲ့ပြီး လာမယ့်ရာသီသစ်ကို လာလီဂါမဟုတ်တဲ့ အခြားလိဂ်တစ်ခုမှာ ပထမဆုံးအကြိမ်ကစားရတော့မှာလည်းဖြစ်ပါတယ်။ မက်ဆီထက်အရင် ပြင်သစ်ကိုရောက်နေတဲ့ ဖာဘရီဂတ်စ်က သူ့ရဲ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကာ ပြောဆိုခဲ့တာဖြစ်ပြီး အထင်သေးရင်တော့ ခံစားသွားရမယ်လို့ ပါးပါးလေးနှပ်ကြောင်းပေးသွားခဲ့ပါတယ်။ 

"ပီအက်စ်ဂျီဆုဖလားမရချိန်မှာ အားလုံးက ဒါကို ပျက်ဆီးဆုံးရှုံးမှုလို့မြင်ကြတယ်၊ အကြောင်းရင်းကတော့ သူတို့က ငွေတွေအများကြီးသုံးထားတာကိုး၊ လူတိုင်းက ဒီလိဂ်ကို တစ်သင်းတည်းသောလိဂ်လို့မြင်နေပေမယ့် ပြီးခဲ့တဲ့နောက်ဆုံးငါးနှစ်မှာ မိုနာကိုနဲ့ လိုင်လီက ဒါတွေကို ဖောက်ထွက်ပြခဲ့ပါတယ်၊ လူတွေထင်သလိုမလွယ်ကူလှပါဘူး၊ အရမ်းပြင်းထန်တဲ့ လိဂ်ပါ၊ အရမ်းလည်းကြမ်းတမ်းပါတယ်၊ အရမ်းလည်းမြန်ဆန်ပါတယ်၊ သန်မာတဲ့ကစားသမားတွေလည်းရှိနေပြီး ခံစစ်ပိုင်းလည်း ကောင်းကောင်းကစားတတ်ကြပါတယ်"

"မက်ဆီရောက်လာချိန်မှာ အားလုံးက စိတ်လှုပ်ရှားနေကြပါတယ်၊ သူတို့ မက်ဆီနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အသိနဲ့ပေါ့၊ တချို့က ဒါကို အိပ်မက်မက်ခဲ့ကြတာပါ၊ အခုတော့ သူတို့အတွက် ကောင်းမွန်တဲ့အရာဖြစ်လာပါပြီ၊ သူတို့မေးခွန်းတွေ တရစပ်ကိုမေးနေတော့တာပဲ၊ လူတိုင်းက သူ့ဂျာစီကို လိုချင်နေတယ်၊ သူ့ကိုပြန်တွေ့ရမှာစိတ်လှုပ်ရှားစရာပါပဲ၊ ကစားသမားကောင်းတွေလာရင် အားလုံးက သူတို့ဘာလုပ်ပြနိုင်လဲဆိုတာကို ပြသချင်နေကြပါတယ်"

"တခါတလေမှာ ဒါကစိတ်အားတက်ကြွစေပြီး ထူးခြားတာတွေဖြစ်ပေါ်လာတတ်ပါတယ်၊ သေချာတာကတော့ စိန်ခေါ်မှုတွေက ပြင်းထန်ကြမ်းတမ်းလာမှာပါ၊ ပီအက်စ်ဂျီအကြောင်းမတွေးဘဲ ကျွန်တော်တို့ရှေ့ဆက်ကြရအောင်၊ ဒါက ခရီးရှည်ကြီးတစ်ခု၊ ကြီးမားတဲ့ရာသီတစ်ခုပါ" လို့ ဖာဘရီဂတ်စ်ကပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 



က္က