တရက်တာအတွင်း ဂျာစီပေါင်း ၈ သိန်းကျော် ရောင်းချခဲ့ရပါတယ်။

မက်ဆီရဲ့ ဂျာစီကိုဝယ်ယူဖို့အတွက် အသင်းပရိတ်တွေဟာ အရောင်းဆိုင်တွေရှေ့ တန်းစီစောင့်ဆိုင်းနေခဲ့ကြမှာ လူတန်းရှည်ကြီးဖြစ်ပေါ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။


မက်ဆီရဲ့ ပီအက်စ်ဂျီဂျာစီတွေဟာ လက်ရှိမှာ တော်တော်လေးရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ သူ့ကို စာချုပ်ချုပ်တဲ့နေ့မှာပဲ အွန်လိုင်းကတဆင့် မှာယူမှုတွေကြောင့် ရှိပြီးသားဂျာစီတွေဟာ နာရီဝက်အတွင်းမှာပဲ အားလုံးရောင်းကုန်ခဲ့ပြီး ပစ္စည်းပါပြတ်တောက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ 

လက်ရှိမှာလည်း မက်ဆီရဲ့ ဂျာစီကိုဝယ်ယူဖို့အတွက် အသင်းပရိတ်တွေဟာ အရောင်းဆိုင်တွေရှေ့ တန်းစီစောင့်ဆိုင်းနေခဲ့ကြမှာ လူတန်းရှည်ကြီးဖြစ်ပေါ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျောနံပါတ် ၃၀ ကို ရွေးချယ်ဝတ်ဆင်မယ့် မက်ဆီရဲ့ ဂျာစီစုစုပေါင်းဟာ ၈၃၂,၀၀၀ အထိ ရောင်းချခဲ့ရပြီးပြီလို့သိရကာ စုစုပေါင်း ယူရိုသန်း ၉၀ ဖိုးအထိ ရှိတယ်လို့ Hypebeast က ဖော်ပြခဲ့ကာ ဒါဟာ တရက်တာရောင်းရငွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါဟာ ၂၀၁၈ တုန်းက ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့ခဲ့စဉ်မှာ ရောင်းချခဲ့ရတဲ့ ဂျာစီအထည်ရေ ၅၂၀,၀၀၀ ထက်လည်း ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ရောက်ရှိလာမှုနဲ့အတူ ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့တန်ဖိုးအကြီးမားဆုံးအသင်းအဖြစ် တတိယနေရာကို ခုန်တက်သွားခဲ့ပြီး မန်စီးတီးနဲ့ ချယ်လ်ဆီးနောက်မှာ ရပ်တည်နိုင်ခဲ့တယ်လို့လည်း သိရကာ ဘာစီလိုနာကတော့ အဆင့် ၈ အထိ ကျဆင်းသွားခဲ့ပါတယ်။ 

ပီအက်စ်ဂျီရဲ့ လူမှုကွန်ရက်တွေမှာလည်း တရက်အတွင်း ဖော်လိုဝါသန်းနဲ့ချီကာ တိုးပွားသွားခဲ့ပြီး အဖက်ဖက်ကနေ ကောင်းကျိုးတွေခံစားနေရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ မက်ဆီအတွက် တစ်နှစ်လုပ်ခ ယူရို ၃၅ သန်း ပေးချေရမှာဖြစ်ပေမယ့်လည်း ၂၄ နာရီအတွင်းမှာပဲ ဂျာစီရောင်းချရမှုကနေ ယူရိုသန်း ၉၀ အထိ ပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်လို့ ၁၀% သာ မြတ်တယ်ဆိုရင်တောင်မှ ပထမဆုံးတစ်ရက်မှပဲ ယူရို ၉ သန်းအထိ အမြတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။



က္က