၃သောင်းလောက်စတင်ဝင်ခွင့်ပေးတာတောင် တစ်ဝက်က မလာပါဘူး။

ပွဲငတ်နေတဲ့ ပရိသတ်တွေဟာ ရှားရှားပါးပါး ရလာတဲ့ အခွင့်အရေးကိုတောင် မက်ဆီမရှိလို့ ငြင်းပယ်လာတာဟာ ဘာစီလိုနာနဲ့ လာလီဂါရဲ့ အနာဂတ် ဘောလုံးလောကလားဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည်ရတော့မှာပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္တဝင်ကစားသမားလို့ တင်စားရမယ့် အာဂျငတီးနား တိုက်စစ်မှူး အသင်းခေါင်း ဆောင် လီယွန်နယ်မက်ဆီကို အလွတ်ပြောင်းရွှေ့ခွင့် ပေးခဲ့ရပါတယ်။ ဘဏ္ဍာရေး ကြပ်တည်းမှုတွေကြောင့် စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဘာစီလိုနာအသင်း ဟာ မက်ဆီကို မဖြစ်မနေ လက်လွှတ်ခဲ့ရပါတယ်။



ယခုဆိုရင် မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ အပြီးတိုင် ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ဒီ အပေါ်မှာ ဘာစီလိုနာ ပရိသတ်တွေဟာ ခံစားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာ ဘောလုံးပွဲကြည့်ရှုခွင့်တွေ နှစ်နဲ့ချီ ဆုံးရှုံးထားရတဲ့ ဘာစီလိုနာ ပရိသတ်တွေဟာ ပထမဆုံးအကြိမ် ကွင်းအတွင်း ပြန်လည် ခြေချခွင့်ရမယ့် အခွင့်အရေးတွေကို မလိုလားတော့ပါဘူး။

သူတို့ချစ်တဲ့ ကစားသမားကို ကွင်းထဲမှာ မမြင်ရတော့မယ့် ခံစားချက်ကို သူတို့ မခံစားနိုင်တဲ့အတွက် ကွင်းအတွင်း လာကြည့်ဖို့ စိတ်အားမထက်သန်ကြတော့တာကို တွေ့လာရပါတယ်။ တနင်္ဂနွေနေ့မှာကစားရမယ့် ဆိုစီဒက်အသင်းနဲ့ လာလီဂါအဖွင့်ပွဲအတွက် ဘာစီလိုနာအသင်းဟာ ကိုဗစ်သတ်မှတ်ချက်နှင့်အတူ မူလ ပရိသတ် ကိုးသောင်းလောက် ဆန့်တဲ့ ကွင်းထဲကို ပရိသတ် သုံးသောင်း ဝန်းကျင်လောက် စတင် ဝင်ခွင့်ပြုလိုက်ပါတယ်။

အရင်က ကိုးသောင်းတောင် လူမလောက်တဲ့ ကွင်းဟာ အခု သုံး‌သောင်းမပြည့်တပြည့်ဝင်ခွင့်ပေးတာတောင် တစ်ဝက်လောက်ပဲ လက်မှတ်ကို လက်ခံလာပါတယ်။ ပရိသတ် တစ်သောင်းခွဲကျော်ကျော်လောက်ကသာ ဒီပွဲကိုကြည့်ဖို့ ပွဲလက်မှတ်ဝယ်ထားတာကို အတည်ပြုလာခဲ့ ပြီး ဒါဟာ အသင်းရဲ့ ကိုဗစ်အလွန် ပွဲငတ်နေတဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုပါ။

 ၁၀စုနှစ် တစ်စုနီးပါး မက်ဆီနဲ့ ရော်နယ်ဒို အားပြိုင်လာခဲ့တဲ့ လာလီဂါဟာ အခုဆိုရင် မက်ဆီရော ရော်နယ်ဒို ရော မရှိတော့ပါဘူး။ ဒါဟာ လာလီဂါရဲ့ အနာဂတ်လား၊ဘာစီလိုနာနဲ့ ရီးရဲရဲ့ အနာဂတ်လား၊ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ပရိသတ် စွဲ ဆောင်နိုင်မှု အတိုင်းအတာ ဘယ်လောက်ထိ ကျဆင်းသွားနိုင်မလဲ၊အခုဆိုရင် စတင်သယောင် ဖြစ်နေပါပြီ။


ဆက်စပ်အကြောင်းအရာများ



က္က