အဂူရိုကိုတော့ ဘာစီလိုနာအသင်း လာလီဂါမှာ မှတ်ပုံ မတင်ရသေးပါဘူး။

ပီကေးလစာ‌ လျော့ယူလိုက်တဲ့အတွက် ဘဏ္ဍာရေး စည်းမျဥ်း အရ နောက်ထပ် ကစားသမားသစ် ၃ဦးကို ဘာစီလိုနာ အသင်းမှတ်ပုံတင်ခွင့်ရခဲ့ပြီ ဖြစ်ပေမယ့် အဂူရိုကိုတော့ မှတ်ပုံတင်ခြင်း မလုပ်နိုင်သေးပါဘူး။

လစာ လျော့ယူပေးဖို့ ဘာစီလိုနာအသင်းက နောက်ခံလူ ဂျရတ်ပီကေးကို တောင်းဆိုထားတဲ့ တောင်းဆိုချက်ကို ယခုအခါ ပီကေးဖက်က သဘောတူလာခဲ့တယ်လို့ သိရပါတယ်။



ဒီဆုံးဖြတ်ချက်ကြောင့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး မျှခြေ ဖြစ်ပေါ်ခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ကစားသမား သစ် ၃ဦးကို ရာသီသစ်အတွက် မှတ်ပုံတင်ခွင့် ရရှိသွားခဲ့ပါတယ်။

နည်းပြ ကိုးလ်မန်းကလည်း ပီကေးနည်းတူ အခြားသော ဝါရင့် စီနီယာ ကစားသမားအချို့လည်း လစာလျော့ယူ ပေးပြီး ဘာစီလိုနာကို တစ်ဖန် ပြန်လည် ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောလာပါတယ်။

အကြောင်းကတော့ ပီကေး လစာလျော့ယူလိုက်တဲ့အတွက် အထက် ‌ဖော်ပြပါ ကစားသမား ၃ဦး မှတ်ပုံတင်ခွင့် ရလာခဲ့ပေမယ့် အခြား အသစ်တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အဂူရိုတော့ မပါဝင်သေးပါဘူး။

အဂူရိုကိုပါ မှတ်ပုံတင်ခွင့်ရဖို့ဆိုရင် အခြားသော လစာလျော့ယူဖို့ တောင်းဆိုခံထားရတဲ့ ဆာဂျီယို ဘတ်စ်ကွက်ဇ်၊ ဂျော်ဒီအယ်လ်ဘာ စတဲ့ ကစားသမားတွေကလည်း လစာလျော့ယူပေးနိုင်ဖို့ လိုနေပါတယ်။

“မက်ဆီထွက်ခွာသွားမှုက ပရိသတ်တွေကို ဘယ်လောက် နာကျင်စေမလဲဆိုတာ ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်၊ဒါပေမယ့် ကျွန်တော်တို့ အတိတ်မှာပဲ ရှင်သန်နေလို့ မရပါဘူး။အရှိတရားကို လက်ခံဖို့ဆိုရင် ကျွန်တော် မျှော်လင့်သလို ဖြစ်လာဖို့ ဆုတောင်းပါတယ်။”လို့ နည်းပြ ကိုးလ်မန်းက ဆိုပါတယ်။

ဘာစီလိုနာဟာ မက်ဆီအသင်းက ထွက်သွားလို့ မြင့်မားတဲ့ လုပ်ခတွေ လျော့သွားတယ်လို့ မဆိုနိုင်သေးပါဘူး။တ ကယ်တော့ ဘာစီလိုနာဟာ မက်ဆီကို လုပ်ခ လစာကြွေးကျန် အဖြစ် ယူရို သန်း ၅၀ကျော် ပေးဖို့ ကျန်နေပါသေး တယ်။

အဲဒီ ကြွေးကျန်တွေကတော့ မက်ဆီအပါအဝင် တစ်သင်းလုံးက မနှစ်က ဘောလုံးရာသီမှာ ကိုဗစ်ရိုက်ခတ်မှု ကြောင့် ကလပ်အသင်းရဲ့ ဝင်ငွေ ထိခိုက်ခဲ့တဲ့အပေါ်မှာ ပြန်လည်ကူညီတဲ့အနေနဲ့ လစာတွေကို အကြွေးမှတ်ပေး ထားခဲ့တာပါ။

လက်ရှိမှာတော့ လာလီဂါရဲ့ ဘဏ္ဍာရေး စည်းမျဥ်းတွေအရ ဘာစီလိုနာဟာ ကစားသမားသစ်ကို မှတ်ပုံတင်ဖို့ဆို ရင် အသင်းရဲ့ ဘဏ္ဍာရေးကို ပြသရမှာ ဖြစ်လို့ အဂူရိုကို မှတ်ပုံတင်လိုက်ပါက သတ်မှတ် အသုံးစရိတ်ကျော်လွန် နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကျော်လွန်အောင် အခြားသူတွေက လစာလျော့ယူပေးမှသာ တရားဝင် မှတ်ပုံတင်ရာမှာ သတ်မှတ် အသုံးစရိတ် မကျော်လွန်သလို ဖြစ်ပြီး အသင်းလူစာရင်းလည်း တောင့်တင်းနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က