ပီအက်စ်ဂျီက ရော်နယ်ဒိုကိုလည်း ခေါ်ဖို့ ဆန္ဒရှိနေတာပါ။

ဒီမာရီယာကတော့ ရော်နယ်ဒိုနဲ့ ရီးရဲအသင်းမှာ အတူကစားခဲ့ဖူးသလို မက်ဆီနဲ့လည်း နိုင်ငံအသင်းဖော်တွေ ဖြစ်တာကြောင့် နှစ်ဦးစားလုံးနဲ့ ကစားဖူးတဲ့ အနည်းစုသော ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါ တယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကို ရော်နယ်ဒိုနဲ့အနေနဲ့ မလာဖြစ်ပါက ဒါဟာ မိမိကိုယ် ကို သေကြောင်းကြံစည်ရာ ဖြစ်သွားလိမ့်မယ်လို့ ရော်နယ်ဒိုကို ကစားဖော်ဟောင်း ဒီမာရီယာက သတိပေးစကား ဆိုလိုက်ပါတယ်။



ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီအစ အပြောင်းအရွှေ့ ရာသီမှာ ရာမို့စ်၊ဒိုနာရူမန်၊ဟာကီမီနဲ့ မက်ဆီ တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒီကစားသမားတွေဟာ အသင်းမှာ ရှိနှင့်နေတဲ့ နေမာ၊ဘတ်ပေ၊ စတဲ့ ကစားသမားတွေပေါင်းစပ် လိုက်တဲ့ အခါ ပီအက်စ်ဂျီအသင်းဟာ ပြိုင်စံရှား အသင်းကောင်းတစ်သင်း ဖြစ်လာပြီလို့လည်း ဒီမာရီယာက ဆိုပါတယ်။

“ပီအက်စ်ဂျီကို မလာရင်တော့ ဒါဟာ သူ့ကိုယ်သူ သေကြောင်းကြံလိုက်သလိုပါပဲ၊အရည်အချင်းကို ကြည့်မလား၊ အရေအတွက် ကိုကြည့်မလား၊လုံလုံလောက်လောက် ဖြစ်နေတဲ့ ကျွန်တော်တို့အသင်းမှာ တစ်မူထူးခြားနေပါပြီ။” လို့ ဒီမာရီယာက ဆိုလာပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့တဲ့ ရော်နယ်ဒိုကိုလည်း ခေါ် ယူနိုင်ရေး စိတ်ဝင်စားနေပြီး မက်ဆီ - ရော်နယ်ဒို အတွဲအဖက်ကို ကမ္ဘာပေါ်မှာ ပထမဆုံး မြင်တွေ့ခွင့်ရနိုင်မလား ဆိုတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။



က္က